စင်ကာပူ နိုင်ငံရှိ ချန်ဂီ လေဆိပ်၏ ဝန်ဆောင်မှု လုပ်ငန်း များတွင် လုပ်ကိုင်ရန် မြန်မာ ကျွမ်းကျင် လုပ်သားများ S Pass ဖြင့် ဇန်နဝါရီလ အတွင်း ခေါ်ယူမည် ဖြစ်ကြောင်း တာမွေမြို့နယ် အခြေစိုက် Royal Four Sea ပြည်ပအလုပ် အကိုင် ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
စင်ကာပူနိုင်ငံရှိ အဆိုပါဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်လိုသူများ သည် တက္ကသိုလ်ဘွဲ့နှင့် ဒီပလိုမာ လက်မှတ်ရရှိထားရန်လိုအပ်ပြီး လုပ်ငန်း အတွေ့အကြုံရှိသူများကို ဦးစားပေးခေါ် ယူသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အပေါ်မူတည်ပြီး အသက် ၄၀ နှစ် အောက် နှင့် ၄၅ နှစ်အောက်ရှိသူများကို ခေါ်ယူ မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
လေဆိပ်မှာ ဝန်ဆောင်မှုပေးရမယ့် အလုပ်ဖြစ်လို့ အင်္ဂလိပ်ဘာသာစကားကို တော့ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ဖို့ လိုတယ် ဟု ယင်းတာဝန်ရှိသူက ရှင်းပြသည်။ ယင်း ချန်ဂီလေဆိပ်တွင် Passenger Service Assitant, Ground Equipment Operator, Puch back Operator, Aircaft Techanian ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်ရ မည်ဖြစ်ကြောင်းRoyal Four Sea ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ထံမှသိရသည်။ ဒီအလုပ်ကိုစိတ်ဝင်စားလို့ စင်ကာပူကနေ လျှောက်လွှာတွေပို့ထား ကြတာတောင်ရှိတယ် ဟု ယင်းအေဂျင်စီ တာဝန်ရှိသူတစ်ဦးကဆိုသည်။
အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းကို သွားရောက် လုပ်ကိုင်လိုသူများအနေဖြင့် စင်ကာပူဒေါ်လာ ၄၂၀ဝ ပေးသွင်းရမည် ဖြစ်ကြောင်း၊ ယင်းဝန်ဆောင်မှု လုပ်ငန်း များကို သွားရောက် လုပ်ကိုင် လိုသူများ ကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် လူတွေ့ စစ်ဆေးမေးမြန်းသွားမည်ဖြစ်ပြီး လူတွေ့ စစ်ဆေးမှု အောင်လျှင် နှစ်ပတ် ခန့်အကြာ စောင့်ဆိုင်းရ မည်ဖြစ်ကြောင်း Royal Four Sea အေဂျင်စီ ထံမှ သိရ သည်။
ချန်ဂီလေဆိပ် ရှိဝန်ဆောင်မှု လုပ်ငန်းတွင် လုပ်ကိုင်လိုသူများသည် အခြေခံလစာအနေဖြင့် တစ်လလျှင် စင်ကာပူဒေါ်လာ ၂၀ဝဝ ဝန်းကျင်မှ ၂၂၀ဝ ဝန်းကျင်အထိ ရရှိနိုင်မည်ဖြစ် ကြောင်း၊ သုံးနှစ်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းဖြင့် လုပ်ကိုင်ရမည်ဖြစ်ကြောင်း ယင်းအေဂျင်စီထံမှ ထပ်မံသိရသည်။
စင်ကာပူနိုင်ငံမှ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများနှင့် မြန်မာနိုင်ငံမှ အလုပ် သမားခေါ်ယူမှုနည်းပါးပြီး အခြားပြည်ပ နိုင်များမှသာ အလုပ်သမားခေါ်ယူမှု များပြားကြောင်း ကျောက်တံတားမြို့နယ် ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင် စီတစ်ခု၏ အသက် ၅၀ အရွယ် အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ပြောကြားသည်။
စင်ကာပူကိုS passနဲ့ သွားလုပ် မယ်ဆိုရင် တစ်လကိုလစာ စင်ကာပူ ဒေါ်လာ ၁၈၀ဝ အောက်ပဲရတယ်။ တစ်လကို လစာ စင်ကာပူဒေါ်လာ နှစ် ထောင်ကျော်ရဖို့မလွယ်ဘူး။ တကယ်လို့ အဲဒီPosition နဲ့ အဲဒီလစာကိုသာ တကယ်ရမယ်ဆိုရင်တော့ ကောင်းတာ ပေါ့ ဟု ၄င်းကသုံးသပ်သည်။
The Voice Weekly Journal
0 comments:
Post a Comment