Saturday, 7 January 2012

အစိုးရ ၏ ပြုပြင် ပြောင်းလဲ မှု များ ကို စစ်တပ် က ပိတ်ပင် ခြင်း မလုပ် ရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

တစ်နှစ် သက်တမ်း ပြည့် မြောက် လု မတ် ဖြစ် နေ ပြီ ဖြစ် သည့် မြန်မာ အစိုးရ ၏ ပြု ပြင် ပြောင်း
လဲ မှု ခြေလှမ်း များ ကို နိုင်ငံ တွင်း ဉ် သြဇာ ရှိ သည့် စစ်တပ် က ကာဆီး ကာဆီး မလုပ် ရန် မြန်
မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သတိပေး လိုက် သည်။
အစိုးရ ၏ ပြောင်းလဲ မှု များ ကို စတင် ခြင်း သည့် ရပ်တန့်  ၍ မရ နိုင် တော့ သကဲ့ သို့  စစ်တပ် က
ထို အပြောင်း အလဲ ကို လက်ခံ လျှင် ပိုမို ခရီး ရောက် မည် ဖြစ် ကြောင်း AP သတင်း ဌာန နှင့်
တွေ့ ဆုံ မှု တွင် ပြောကြား မှု ကို ကိုကား ပြီး FOX သတင်း တွင် ဖော် ပြ ထား သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ ၏ ပါတီ ဖြစ်သည့် အမျိုး သား ဒီမိုက ရေစီ အဖွဲ့ ချုပ် အား
မြန်မာ နိုင်ငံ ရေး လမ်း ကြောင်း တွင် ပြန်လည် လျှောက်လှမ်း နိုင်ရန် ရွေးကောက်ပွဲ ကော်
မရှင် က ယမန် နေ့  က အတည်ပြု ပေး ခဲ့ သည်။

Tatmadaw

Friday, 6 January 2012

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်များ စတင်တော့မည်

ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင်  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်  ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင်  ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံရန် သေချာသည့် အခြေအနေရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စုံစမ်းသိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်မှာ ၀င်ပြိုင်ဖို့က ၇၅% လောက်ထိ သေချာသလောက်ရှိပါတယ်ဟု အန်အယ်လ်ဒီရုံးချုပ်မှ ရန်ကုန်တိုင်း၊ဗဟိုကော်မတီဝင် မြောင်းမြ ဗဆွေက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး ဇန်န၀ါရီ ၁၆ ရက်နောက်ပိုင်း စည်းရုံးရေး ခရီးစဉ်များ စတင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ဇန်န၀ါရီလ ၅ ရက်နေ့က ပါတီမှတ်ပုံတင် အမှတ်၄၇/၂၀၁၂ ဖြင့် ပါတီ  အလံ၊ တံဆိပ် ခွင့်ပြုချက်ရရှိထားပြီးဖြစ်သော အဖွဲ့ချုပ်နေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေငြာ ထားကြောင်း သိရှိရပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် လူများစိစစ်ခြင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ သူတွေကို ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ကိုက်ညီတဲ့လူကို ယှဉ်ပြိုင်ခိုင်းမယ် နောက် မြို့နယ်နဲ့ တိုင်းတွေမှာလည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြုလုပ်နေကြပြီဟု အန်အယ်လ်ဒီအဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်မိမိကြီးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီအတွက် အဖွဲ့ဝင် ()ဦးဖြင့် ဖွဲ့စည်းထားပြီး၊ အဆိုပါ အဖွဲ့ဝင်များမှာ ၁။ ဦးနိုင်းနိုင်း ၂။ ဒေါက်တာမျိုးအောင်၃။ မြောင်းမြဗဆွေ ၄။ ဦးဝင်းသောင်း ၅။ ဦးအောင်ထူး   ၆။ ဒေါ်ကြည်ကြည်ဝင်း(စမ်းချောင်း ၇။ ဒေါ်ကြည်ကြည်ဝင်း(ကြည်မြင်တိုင်)၊၈။ဒေါ်တင်တင်ဝင်း (မင်္ဂလာတောင်ညွှန့်)တို့ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အောင်နိုင်ရေးကော်မတီအတွက် မြို့နယ်စည်းရုံးရေးကိစ္စများ၊ အဖွဲ့ဝင်ဖြစ်လာမည့် အဖွဲ့ဝင်များ အတွက် ကဒ်ပြား ထုတ်ပေးရေးကိစ္စများ လုပ်ငန်းတာဝန်ခွဲဝေပေးခြင်းတို့ကို စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
လုပ်ငန်းတွေကိုလဲ ()ခုခွဲထားတယ်၊ ဘဏ္ဍာရေး ဥပဒေရေး စည်းရုံးလှုံ့ဆော်ရေး သတင်းပြန်ကြားရေး နောက် ရုံးလုပ်ငန်းအဖွဲ့ဆိုပြီးတော့ စီစဉ်နေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ  အမာခံအဖွဲ့ဝင်တွေ ရှိပြီးသားပါ၊ အမျိုးသားဒိမိုကရေစီအဖွဲ့ ရုံးခန်းလည်း ရှိပြီးသားပါဟု ဗဟိုလုပ်မှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သည့် မြောင်းမြဗဆွေက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် NLD က  ပါတီ ပြန်လည်မှတ်တင်ပြီး ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်နောက်  ဒီဇင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ဝင့်သင်ဇာကျော်(မြစ်မခ)

ပြုပြင်ရေးအတွက် စစ်တပ်ထောက်ခံမှုအရေးကြီး

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပေမဲ့ အဟန့်အတားတွေ ကြုံရမှာကိုလည်း စိုးရိမ်မိတဲ့အကြောင်း ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အကောင်းဘက်ကို ဦးတည်တဲ့ တိုးတက်မှုတွေ ထွက်ပေါ်လာနေပေမဲ့ ဒီမိုကရေစီကို ဦးတည်တဲ့လုပ်ငန်းတွေဟာ နှေးကွေးနေဆဲဖြစ်သလို ဒီလမ်းကြောင်းကို အဟန့်အတားမရှိ ဆက်လက် လျှောက်လှမ်းနိုင်လိမ့်မယ်လို့ အတိအကျ မဆိုနိုင်သေးတဲ့အကြောင်း အေပီသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားတာပါ။
တိုင်းပြည်မှာ တွေ့မြင်နေရတဲ့ အပြောင်းအလဲတွေကို စစ်တပ်ထဲက ဘယ်လောက်အထိ ထောက်ခံမှု ရှိသလဲဆိုတဲ့အပေါ်မှာ စိတ်ပူမိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီမိုကရေစီကို ဦးတည်တဲ့လမ်းပေါ်က အန္တာရာယ်တွေကို သတိထားရမှာဖြစ်ပေမဲ့ မျှော်လင့်ချက်တွေကိုလည်း မစွန့်လွှတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကသူ့ကို ထောက်ခံသူတွေကို တိုက်တွန်းခဲ့တာပါ။ ဒီနှစ်ဟာဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ဦးတည်စေတဲ့ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဘယ်လောက်အထိ တွေ့ရမလဲဆိုတာကို အတိအကျ သိနိုင်မယ့် နှစ်တနှစ်အဖြစ်နဲ့လည်း ရည်ညွှန်း ပြောဆိုသွားပါတယ်။
နိုင်ငံရေးအပြောင်းအလဲတွေ လုပ်ဆောင်ပါ့မယ်လို့ ကတိပြုထားတဲ့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း လိုတယ်လို့ ပြည်တွင်းပြည်ပက တိုက်တွန်းနေကြတာပါ။
ဒါပေမဲ့လည်း ဒီတပတ်ထဲ သမ္မတရဲ့အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာတော့ နိုင်ငံရေး အကျဉ်းသား မဆိုသလောက်သာ ပါဝင်ခဲ့တာမို့ အများက စိတ်ပျက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
 VOA/burmese

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မှ ပိတ်ဆို့မှု ရုပ်သိမ်းမယ်လို့ ဗြိတိန်က ပြော

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးမချင်း အရေးယူပိတ်ဆို့တာတွေ ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က မြန်မာ အာဏာပိုင်တွေကို ဒီနေ့ သတိပေး လိုက်ပါတယ်။

NLD
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague တို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

မြန်မာနိုင်ငံမှာ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတာ ထင်ရှားပေမယ့် နိုင်ငံတကာအနေနဲ့ မြန်မာ အာဏာပိုင်တွေအပေါ် ဆက်လက် ဖိအားပေးဖို့ လိုအပ်တယ်လို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Mr. Hague က ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံအပေါ် EU ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကန့်သတ်ထားတဲ့ အစီအစဉ်တွေ ရုပ်သိမ်းဖို့ မဆုံးဖြတ်ခင် မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီထက် ပိုမိုလုပ်ဆောင်တာကို အမှန် တကယ် မြင်တွေ့လိုကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတဲ့ အတွက် ဒီအချိန်ထိ ဆောင်ရွက်မှုတွေဟာ လုံလောက်မှု မရှိသေး ကြောင်း Mr Hague က ပြောခဲ့ပါတယ်။

Mr Hague ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ၁၉၅၅ ခုနှစ်ကစလို့ ဗြိတိန် အထက်တန်းတာဝန်ရှိသူတစ်ဦးရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီမနက်က တွေ့ဆုံတာပါ။ ဒီတွေဆုံပွဲအပြီးမှာ အိပ်မက်တွေ စိတ်ကူးတွေ အကောင်အထည်ဖော်ဖို့ တကယ့်ကို အတော့်ကို ကြိုးစားဆောင်ရွက်ရ ပါမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောပါတယ်။

စိတ်ကူးတွေ အိပ်မက်တွေအတွက် စိတ်ကူးယဉ်နေတာကို မယုံကြည် ကြောင်း၊ စိတ်ထဲမှာကိုက ပန်းတိုင်တစ်ခု ရှိရပြီး အဲဒီပန်းတိုင်ရောက်ဖို့ ကြိုးစားလုပ်ကိုင်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းစာရှင်းလင်းပွဲ အပြည့်အစုံကို ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားပါတယ်။

အသံဖိုင်

RFA/burmese

သူ့သက်တမ်းအတွင်း ဒီမိုကရေစီရမည် ဟု ဒေါ်စုမျှော်လင့်


ဘီဘီစီကမ္ဘာတစ်လွား အသံလွင့် အစီအစဉ် နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ဘ၀သက်တမ်းအတွင်း ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ပွဲတွေမြန်မာနိုင်ငံ မှာ ဖြစ်လာမယ်လို့ မျှော်လင့် ထားကြောင်းပြောသွားပါတယ်။ဒါပေမယ့် ဘယ်တော့ ဖြစ်မလဲဆိုတာကိုတော့ မခန့်မှန်းနိုင်ဘူးလို့ဆိုပါတယ်။

တခါ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ နဲ့ ပါတ်သက်လို့ သူဖြစ်စေချင်တဲ့ နှုန်းမျိုးနဲ့သွား နေတာမဟုတ်ပေမယ့် သိပ်နှေးလွန်းတယ်လို့မပြောနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွား သည်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ သမ္မတဦးသိန်းစိန် ကလိုလားတယ် ဆိုတာကို ယုံကြောင်း ၊ ဒါပေမယ့် အစိုးရအဖွဲအတွင်းက တစ်ခြားအဖွဲ့ဝင်တွေရဲ့ သဘောထား ဘယ်လိုရှိသလဲ ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကို အစိုးရက အသိအမှတ်ပြုဝန်ခံသည် ဖြစ်စေ မ၀န်ခံသည်ဖြစ်စေ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွတ်ပေးသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောပါတယ်။
ပြည်ပရင်းနှီး မြုပ်နှံမှုတွေလာလုပ်ဖို့ အချိန်တန်ပြီးလား ဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ဖို့ အားပေးနိုင်တဲ့ အခြေအနေမျိုး မြန်မာပြည်မှာ ရှိမနေသေးဘူးလို့ဖြေသွား ပါတယ်။

bbc/burmese

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရအပေါ် အချက်သုံးချက်ကို တိုက်တွန်း

နှစ်ပေါင်း ၅၆ နှစ်တာ ကာလအတွင်း ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံး ခရီးစဉ်တွင် မြန်မာအစိုးရအား အချက်သုံးချက်ကို အဓိကထား၍ တိုက်တွန်းသွားသည်။

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတလွတ်လပ်စွာကျင်းပပေးရန်နှင့်
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေးလာရသော စစ်ပြေးဒုက္ခသည်များအတွက် လူသားချင်းဆိုင်ရာ အကူအညီများ လွတ်လပ်စွာ
ပေးနိုင်ရေးအပါအ၀င်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လေးနက်သော နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရန်  မြန်မာအစိုးရကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟေ့ဂ်က တိုက်တွန်းခဲ့သည်။  ထို့အချက်များကို မြန်မာအစိုးရအနေဖြင့် အကောင်အထည်ဖော်ခြင်း
ရှိမရှိကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၄င်းက ယနေ့ညနေ ၅း၃၀ တွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် အထက်ပါ အချက်များကို မြန်မာအစိုးရ အကောင်အထည်ဖော်ခြင်းမှာ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရေး၊မဖယ်ရှားရေးဆုံးဖြတ်နိုင်ရန်အတွက်လည်း အရေးပါပြီး၊ လာမည့် ဧပြီလအတွင်းအဆိုပါ အရေးယူပိတ်ဆို့မှုကို ဥရောပသမဂ္ဂက ပြန်လည်ဆွေးနွေးရန်ရှိသည်ကိုမြန်မာအစိုးရအနေဖြင့် အလေးအနက်ထားရန်လည်း ၄င်းက တိုက်တွန်းပြောကြားခဲ့သည်ဟုဆိုသည်။

ဗြိတိန်နိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအများစုတွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးသည်ဆိုရာတွင် အကုန်လွှတ်ပေးခြင်းမျိုးဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ တစ်ရစ်ပြီးတစ်ရစ်
 လွှတ်ပေးနေခြင်းမျိုးမရှိကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။ မစ္စတာဝီလီယံဟေ့ဂ်က နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဆင့်မြင့်

ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ရာတွင်၊ တွေ့ဆုံခဲ့သော အဆင့်မြင့်ပုဂ္ဂိုလ်များက နိုင်ငံရေးအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန်ရှိကြောင်း ပြောကြားခဲ့သည်ဟု ၄င်းကတစ်ဆင့်ပြန်လည်ပြောပြသည်။

သို့သော် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရာတွင် ကမ္ဘာကစောင့်ကြည့်နေပြီး မဆိုင်းမတွ အမြန်ဆုံး လွှတ်ပေးစေလိုကြောင်း၊ ယခုအခါ မြန်မာအစိုးရ၏နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုအပေါ် ကမ္ဘာကတစ်မျိုးတစ်မည် ထင်လာကြပြီဖြစ်၍ အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းခဲ့ကြောင်းလည်း မစ္စတာဝီလီယံဟေ့ဂ်ကပြောသည်။

ဖိုင်နေရှယ်တိုင်း(မ်)သတင်းစာမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အစီအစဉ်ရှိ၊ မရှိအမေးကို ၀န်ကြီးက ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများမှာ

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေပေါ်တွင် မူတည်နေကြောင်း ၄င်းကဆက်လက်ပြောသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးမှုရှိရန်၊ တရားစီရင်ရေးကောင်းမွန်ရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးသော ဥပဒေများ

ပြဋ္ဌာန်းထားပေးရန်လိုကြောင်း ၄င်းက ပြောကြားခဲ့သည်။





























ဂျော့ ဆိုးရော့စ် မြန်မာ့လူမှုရေး လုပ်ငန်းများ တရားဝင် ဆောင်ရွက်မည်

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းဝင် အမေရိကန် လုပ်ငန်းရှင်ကြီး မစ္စတာ ဂျော့ ဆိုးရော့စ်က မြန်မာနိုင်ငံမှာ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေ တရားဝင် အခြေစိုက် ထူထောင်ဆောင်ရွက်ဖို့ သဘောတူလိုက်ပြီ ဖြစ်ကြောင်း ပြောဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံအပြီး အခုလို ပြောလိုက်တာပါ။ မြန်မာ့ဒီမိုကရေစီရေး အတွက် လှူဒါန်း ကူညီနေတဲ့ မစ္စတာ ဆိုးရော့စ်ဟာ အလှူရှင် တစ်ယောက် အနေနဲ့ ဘာတွေ ဆောင်ရွက်နိုင်မလဲ ဆိုတာ ကြည့်ရှုလေ့လာဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံကို ပိတ်လှောင်ထားတဲ့ လူ့အဖွဲ့အစည်း အဖြစ်ကနေ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း အဖြစ် အသွင် ကူးပြောင်းရေးမှာ ကူညီဖို့ မြန်မာပြည်တွင်းမှာ တရားဝင် လုပ်ငန်းဌာနတစ်ရပ် ထူထောင်ဖို့ စီစဉ်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း မစ္စတာ ဆိုးရော့စ်က ပြောဆိုပါတယ်။ မစ္စတာ ဆိုးရော့စ်က မြန်မာ့ဒီမိုကရေစီရေး အတွက် နှစ်ပေါင်း ၂၀ လောက် ကူညီ ထောက်ပံ့ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုမှ ပထမဆုံးအကြိမ် တွေ့ဆုံရတာ ဖြစ်ကြောင်း၊ မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အမြင်တွေကို လမ်းညွှန်အဖြစ် ဆက်လက် ခံယူနေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ မစ္စတာ ဂျော့ ဆိုးရော့စ်ဟာ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၆ ရက်က ဇန်န၀ါရီ ၃ ရက်အထိ နေထိုင်ခဲ့ပါတယ်။
RFA