Tuesday, 20 December 2011

မြန်မာအသင်း အပေါ် အလွန်အကျွံ မမျှော်လင့်ကြရန် ပတ်ဆောင်ဟွာ သတိပေး


မြန်မာ အသင်း၏ နည်းပြချုပ် အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၅)ရက်နေ့က တရားဝင် စတင် တာဝန်ယူ ခဲ့ပြီဖြစ်သည့် ကိုရီးယား လူမျိုး နည်းပြချုပ် ပတ်ဆောင်ဟွာက မြန်မာအသင်း အပေါ် အလွန်အကျွံ မမျှော်လင့် ကြရန် ပရိသတ်များကို သတိပေး လိုက်သည်။
“မြန်မာ အသင်းဟာ လက်ရှိမှာ အာဆီယံ ထိပ်သီး အဆင့်ကို မရောက်သေး ပါဘူး။ မြန်မာအထက်မှာ ထိုင်း၊ မလေးရှားတို့ ရှိနေပါ သေးတယ်။ ကျွန်တော့် တာဝန်က ဒီအသင်း တွေကို လိုက်မီအောင် ပထမဆုံး လုပ်ပါမယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ သူတို့ကို ကျော်တက်ပါမယ်။ ဒီလို တစ်ဆင့်ခြင်း ကြိုးပမ်းရင် တစ်ချိန်မှာ မြန်မာ့ဘောလုံး အဆင့် အတန်းဟာ အာရှ အဆင့်ကို ပြန်ရောက်လာပါ လိမ့်မယ်။ ဒါကြောင့် အသင်းအပေါ် စိတ်ရှည်ကြပါ။ အလွန်အကျွံ မမျှော်လင့် ကြပါနဲ့” ဟု ပတ်ဆောင်ဟွာက မြန်မာဘောလုံး ပရိသတ် များကို သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပတ်က ခြေစွမ်း အဆင့်အတန်း မတူသည့် အသင်းမျိုးနှင့် ယှဉ်ပြိုင်ပါက ရှုံးနိမ့်ခြင်းကို လက်သင့်ခံ ရမည် ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။ မြန်မာ အသင်းသည် ၎င်းတို့ထက် ကမ္ဘာ့အဆင့် မြင့်မားသည့် အိုမန် အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားစဉ်က ဟိုမန် အသင်းကို ရှုံးနိမ့်နေချိန် ပရိသတ် များ၏ အရှုံး ရလဒ်ကို လက်မခံနိုင် မှုကြောင့် ပွဲပျက်ခဲ့ ရသည်။ အဆိုပါ  အဖြစ်အပျက်ကို ပတ်ဆောင်ဟွာက သိရှိထား သောကြောင့် ယခုကဲ့သို့ ကြိုတင် သတိပေးခဲ့ ခြင်းဖြစ်သည်။
Soccer Myanmar

0 comments:

Post a Comment