မြောက်ကိုရီးယား အာဏာရှင် Kim Jong Il စနေနေ့မနက် ၈နာရီအသက် ၆၉နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံပိုင်း ရုပ်မြင်သံကြားက တင်္နလာနေ့မနက်ကပဲ ကြေငြာလိုက်ပါတယ်။
ဒီကွန်မြူနစ်နိုင်ငံကို တည်ထောင်ခဲ့တဲ့ Kim Jong Il ဟာဖခင်ဖြစ်သူ Kim Il Song ၁၉၉၄ခုနှစ် အသက်၈၂နှစ် အရွယ်တုန်းက နှလုံးရောဂါနဲ့သေဆုံး သွားကတည်းက အာဏာရလာတာပါ။ ဒီနားလည်ရခက်တဲ့ ခေါင်းဆောင်ကြီးက မကြာခဏဆိုသလို အိမ်နီးနားချင်းနိုင်ငံ ဖြစ်တဲ့ South Korea အတွက်ဆူးဖြစ်သလို Uinted States အတွက်လည်း အခက်အခဲတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေထဲက Kim ရဲ့ကျန်းမာရေး အခြေအနေချို့တဲ့လာမှု၊ သားဖြစ်သူကို အာဏာလွှဲပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါသေးတယ်။ ဒီသတင်းကြောင့် Kim Jong Il တစ်ယောက် နိုင်ငံတ၀ှမ်း ခရီးသွားတာအပြင် တရုတ်နိုင်ငံကိုပါ ရောက်ရှိသွားသေးတာကြောင့် ၂၀၀၉ခုနှစ်တုန်းက ကင်ဆာနဲ့နာမကျမ်း ဖြစ်နေတယ်လို့ ပြောတာတွေနဲ့ အကွာကြီး ကွာခြားနေ ပါတယ်။
US ရဲ့စစ်ဘက် အရာရှိကြီးနှစ်ဦးကတော့ North Korea ရဲ့အာဏာစက်ကွင်းဟာ Kim ကနေအသက်၂၀ကျော်ပတ်ဝန်းကျင် သားဖြစ်သူကိုအပြောင်းကြားမှာ ကြန့်ကြာမှုတွေရှိခဲ့တယ်လို့ ယုံကြည်တယ်လို့ပြောသွားပါတယ်။ သားဖြစ်သူ Kim ဟာလွန်ခဲ့တဲ့နှစ်တွေမှာ ကြယ်လေးပွင့ှ်ဗိုလ်ချုပ်အနေနဲ့ စတင်ခဲ့ပြီး ဖခင်ဖြစ်သူက တရားဝင်တာဝန်တွေ တဖြည်းဖြည်းနဲ့ ဒီနှစ်ပိုင်း တွေအတွင်း ပိုမိုပေးဆောင်ခဲ့ပါတယ်။
CNN (Myanmar Youth Media Club မှ Translate လုပ်သည်)
0 comments:
Post a Comment