Sunday, 18 December 2011

ရှမ်းတပ်ဖွဲ့(၆၇၁) တပ်ရင်းမှ ကျောက်မဲ နှင့် မိုင်းငေါ့ဒေသတွင် စစ်းသားစုဆောင်းနေ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် နှင့် မိုင်းငေါ့မြို့အတွင်းရှိ ပလောင်ရွာနှင့် ရှမ်းရွာတို့တွင် အောက်တိုဘာလ၂၀၁၁ခုနှစ်မှ စ၍ ရှမ်းပြည်တပ်မတော် တပ်ရင်း (၆၇၁)မှ ကျေးရွာဥက္ကဌမှတဆင့် စစ်သားများ စုဆောင်းခိုင်းတယ်ဟု သိရှိရသည်။
သေဒခံပြည်သူများ ပြောပြချက်အရ”တစ်ရွာမှာ လူ ၅ယောက် ရှမ်းစစ်တပ်ထဲဝင်ပြီး စစ်သားလုပ်ရမယ်ဆိုပြီးတော့ သက်ဆိုင်ရာ ရွာဥက္ကဌတွေကို (SSA) က စုဆောင်းခိုင်းတယ်။ ဒီနှစ် ၁၀လပိုင်းကစပြီး ၁၁ လပိုင်းအထိ စပါးတွေရိတ်ပြီးရင် အပြီးပြုစုပေးရမယ်လို့   ရွာဥက္ကဌတွေကို ပြောတယ်။ ရွားသားတွေက မလုပ်ချင်လည်းလုပ်ရမယ်လို့ ပြောတယ်”။
“သက်ဆိုင်ရာ ရွာသားတွေကမသွားချင်ကြတော့ သူတို့မိဘတွေကရွာဥက္ကဌဆီ သွားပြီး သူတို့သားတွေ မသွားချင်တဲ့အကြောင်းပြောလည်း ရှမ်းစစ်တပ် (SSA) က လက်မခံကြဘူး။ စစ်းသားမလုပ်ချင်လို့ ငြိမ်းချမ်းရေးယူတာဘဲလို့ ရွာသားတွေက ပြောနေသည်ဟု ရွာသားတစ်ဦးပြောပြာချက်အရသိရှိရပါသည်။
ကျောက်မဲ့မြို့နယ်နှင့် မိုင်းငေါ့မြို့နယ်ရှိ ကျေးရွာပေါင်း ၁၀ရွာကျော်မှ တရွာလျှင် ရွာသား ၅ယောက် ရှမ်းစစ်တပ် (SSA) စစ်းသားအဖြစ် မသွားမနေရသွားလုပ်ရမည်ဟု သက်ဆိုင်ရာရွာသားများမသွားချင်ပါက ဒဏ်ငွေဆောင်ရမည်ဟုလည်း သိရှိရသည်။
စစ်သားကောက်ခိုင်းထားသော ကျေးရွာများနှင့် ဦးရေ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ 
၁) ပါလင်ကျေးရွာ(၆)ယောက်၊ကျောက်မဲမြို့နယ်
၂) ပန်ကပျဉ်းကျေးရွာ(၄)ယောက်၊မိုင်းငေါ့မြို့နယ်
၃) တော့ဆန်ကျေးရွာ(၅)ယောက်၊ကျောက်မဲမြို့နယ်
၎) ပန်လော့ကျေးရွာ(၅)ယောက်၊မိုင်းငေါ့မြို့နယ်
၅) ပန်လုံးကျေးရွာ(၅)ယောက်၊မိုင်းငေါ့မြို့နယ်
၆) ကျောက်ဖြူကျေးရွာ(၅)ယောက်မိုင်းငေါ့မြို့နယ်
၇) ကွမ်စလန်းကျေးရွာ(၅)ယောက်၊မိုင်းငေါ့မြို့နယ်
၈) ညောင်မောင်းကျေးရွာ(၅)ယောက်(ရှမ်းရွာ)ကျောက်မဲမြို့နယ်
၉) ညောင်ပင်လှကျေးရွာ(၅)ယောက်(ရှမ်းရွာ)ကျောက်မဲမြို့နယ်
၁၀)  ကျောက်မဲမြို့နယ်မှ (ကချင်ရွာများ)
၁၁)  ဖါဖိန့်ကျေးရွာ(၅)ယောက်
၁၂)  ပန်စုံကျေးရွာ(၅)ယောက်
၁၃) မိုင်းလုံမြို့နယ်မှ  ရှမ်းရွာများ
၁၄)  နမ့်ခုံကျေးရွာ(၅)ယောက် တို့ဖြစ်ပါသည်။
နောက်ဆက်တွဲ အသေးစိတ်ကို ဆက်လက်စုံစမ်းနေပါသည်။ 

Ref : palaungwomen

0 comments:

Post a Comment