Saturday, 31 December 2011

NLD မှဦးစီးကျင်းပသည့် ပြည်ထောင်စုတိုင်းရင်းသားများ ရန်ပုံငွေဂီတဖျော်ဖြေရေးမှ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့် အလှူရှင်သတင်း

ဒီဇင်ဘာ ၃၀ရက်တွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့ပါသည်။ အခန်းအနားကိုအမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖွင့်လစ်ပေးခဲ့ပြီး မိန့်ခွန်းပြော ကြားခဲ့ပါသည်။
“ဒီပွဲကိုလာရောက်အားပေးတဲ့ပရိသတ်တွေအနေနဲ့ ဂီတပွဲတော်ကို ချီးမြင့်တယ်ဆိုတာ အနုပညာသည်တွေကိုအားပေးတာပါ၊ ဂီတပွဲတော် ကနေထောက်ပံ့မယ့်ပညာရေးကို အားပေးတာပါ၊ ပညာရေးကိုအားပေးတယ်ဆိုတာ တိုင်းပြည်အနာဂတ်ကိုအားပေးတာပဲ၊ဒါကြောင့်လာ အားပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။ အားလုံးညီညီညွှတ်ညွှတ်လုပ်မှတိုင်းပြည်အေးချမ်းသာယာမှာပါ၊ အထူးသဖြင့်တိုင်းရင်းသားတွေဆီမှာ  လှူဖို့ရည်ရွယ်ပါတယ်၊မြန်မာကတိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့တိုင်းပြည်ဖြစ်လို့တိုင်းရင်းသားများအားလုံးတန်းတူတိုးတက်နိုင်မှ
တကယ့်ကိုသာယာတဲ့နိုင်ငံဖြစ်မှာပါ၊ ကျွန်မတို့နိုင်ငံမှာငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ်တွေအားလုံးငြိမ်းသွားပြီး ဘယ်တော့မှပြန်မဖြစ်ဖို့အတွက် ၀ိုင်းဆုတောင်းရုံ မကပဲ တက်နိုင်တဲ့ဘက်ကလုပ်ပေးစေချင်တယ်၊ ဒီနေ့စည်းလုံးမှုနဲ့အားပေးသလို ဒီထက်အရေးကြီးတဲ့တိုင်းရင်းသားသွေးစည်း ညီညွှတ်ရေးကိုလည်း အားပေးကြပါ၊ ဒါဆိုရင် နိုင်ငံရဲ့အနာဂတ်ဟာ အင်မတန်တောက်ပလာမယ်လို့ကျွန်မ မျော်လင့်ထားတယ်၊ ဒီလိုတောက်ပဖို့လူတိုင်းကတစ်ယောက်စီတစ်ယောက်စီဖယောင်းတိုင်းထွန်းလိုက်ရင် ကျွန်မထင်တယ်တစ်ကမ္ဘာလုံးတောင်ထွန်းလင်းနိုင်ပါတယ်၊
ဒီလိုဆန္ဒတွေနဲ့ဆက်လက်လုပ်အားပေးကူညီကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ဒေါ်အောင်ဆန်စုကြည်ကပြောကြားခဲ့သည်။
ထို့နောက် အလှုရှင်များ၏ လှူဒါန်းငွေများကိုဒေါ်အောင်ဆန်းစု
ကြည်ကလက်ခံခဲ့ပြီး Max Myanmar ကုမ္မဏီမှသိန်း ၃၀၊ ရွှေနန်းတော်စိန်ရွှေရတနာ ဆိုင်မှ သိန်း ၃၀နှင့် အခြားအလှူရှင်များလည်း လှူဒါန်းခဲ့ကြသည်။ ပွဲတော်ကျင်းပရာတွင် ဆိုင်ခန်းပေါင်း ၁၁၈ခန်း ဖွင့်လှစ်ပြီး ဈေးအရောင်းပွဲတော်တွင်  ညမိုးချုပ်သည့်တိုင်အောင် လူအများ ကြိတ်ကြိတ်တိုးအထူးစည်ကားလျက်ဝယ်ယူအားပေးမှုများရှိကြောင်းနှင့်အမြတ်ငွေအားလုံးကိုရန်ပုံငွေ အတွက် ပေးအပ်လှူ ဒါန်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။
7 Day News

ဝါရင့်သရုပ်ဆောင်ကျော်သူ ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်မည်


 

ရုပ်ရှင်လောကနှင့် လေးနှစ်ကျော်ကြာအလှမ်းဝေးနေခဲ့သော ဝါရင့်သရုပ်ဆောင် အကယ်ဒမီကျော်သူက ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ပြန်လည်ဝင်ရောက် လာမည်ဖြစ်ကြောင်း သရုပ်ဆောင်ကျော်သူကိုယ်တိုင်The Voice Weekly သို့ ပြောကြားသည်။
အဆိုပါရုပ်ရှင်နှင့်ပတ်သက်၍ ဒါရိုက်တာအဖြစ် ပါဝင်ကူညီမည့်အပြင် လိုအပ်မည့်သမိုင်းအထောက်အထားများ အတွက်လည်း ရှားပါးမှတ်တမ်း ဓာတ်ပုံများ လှူဒါန်းပြီးကြောင်း ဦးကျော်သူထံမှသိရသည်။
”ဗိုလ်ချုပ်ဇာတ်ကားရိုက်တဲ့အတွက် ဗိုလ်ချုပ်ရဲ့ဇာတ်ရုပ်မပျောက်သွားအောင် ဒီဇာတ်ကားမှာပါဝင်တဲ့ ဝါရင့် သရုပ်ဆောင်တွေက သရုပ်ဆောင်ပိုင်း ကိုထိန်းသင့်တယ်။ ဒါမှ ဗိုလ်ချုပ်ဇာတ်ရုပ် ရုပ်လုံးကြွမှာ” ဟု ၎င်းကဆိုသည်။
ဗိုလ်ချုပ်ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်လောကအတွက်သာမက မြန်မာသမိုင်းကြောင်းအတွက်ပါ မှတ်တမ်း တင်ထားအပ်သော ရုပ်ရှင်ကားဖြစ် သောကြောင့် အစစအရာရာသတိထားကာ အကောင်းဆုံးဖန်တီးကြရမည်ဖြစ်ကြောင်း၊ ရုပ်ရှင်လောကအတွက် အလွန်သတိထားဆောင် ရွက်သင့်သော ရုပ်ရှင်ကားဖြစ်ကြောင်း၊ ပြည်သူတိုင်းပါဝင်ဖြည့်ဆည်းဆောင်ရွက်သင့်ကြောင်း လည်း ၎င်းကအကြံပြုသည်။

ရုပ်ရှင်လောကနှင့် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စ၍ ဝေးကွာခဲ့ရာမှ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလမှစ၍ လွတ်လပ်ခြင်း အနုပညာရုပ်ရှင် ပွဲတော်တွင် ဇာတ်လမ်း တိုရုပ်ရှင်ကားနှင့် ပြန်လည်ဝင်ရောက်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကားမှာ ဒုတိယ ခြေလှမ်းဖြစ်ကြောင်း ဝါရင့်သရုပ်ဆောင်
ဦးကျော်သူက ရှင်းလင်းပြောကြားသည်။


The Voice Weekly Journal Vol.8/ No.3