Sunday, 18 December 2011

အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ဇန်နဝါရီလ ထုတ်ပြန်ဖွယ်ရှိ



နိုင်ငံတကာနှင့် ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်း အကြား စိတ်ဝင်စားမှု မြင့်မားနေသော ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူများ အပါအဝင် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ အတွင်း ထုတ်ပြန်ဖွယ် ရှိသည်ဟု ပြည်ထောင်စု အစိုးရ အဖွဲ့ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်ကြီး များနှင့် နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ် ပြောကြားသည်။ ” ဇန်နဝါရီလထဲမှာ ဖြစ်ဖို့ များတယ်။ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ လွှတ်ပေးတာမျိုး လုပ်နိုင်သလို ဖေဖော်ဝါရီ လလောက်မှာ ကျင်းပဖို့ ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲ အတွက် လွှတ်ပေးတာမျိုး လုပ်နိုင်ပါတယ် ” ဟု စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက သုံးသပ်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဌ သူရဦးရွှေမန်း ကလည်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ ရန်ကုန် မြို့တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ရန်ကုန် (ရုံးခွဲ) ဖွင့်လှစ်ပွဲ၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများကို လွှတ်ပေးရန် ယခင်ကထက် ပိုမို နီးကပ်လာပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် သမ္မတကြီး၏ ပထမဆုံး လွတ်ငြိမ်း ချမ်းသာခွင့်အဖြစ် နိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခုတွင် အကျဉ်းကျခံ နေသူ ၆၀,ဝ၀ဝ ကျော် ရှိသည့်အနက် ၁၄,၆၀ဝ ကျော်ကို ၂၀၁၁ ခုနှစ်တွင် လွှတ်ပေးခဲ့ပြီး ဒုတိယအကြိမ် လွတ်ငြိမ်း ချမ်းသာခွင့် အဖြစ် အောက်တိုဘာလ ၁၂ ရက်နေ့က အကျဉ်းသား ၆၀ဝ၀ ကျော်ကို လွှတ်ပေးခဲ့ကာ ယင်းလွတ်ငြိမ်း ချမ်းသာခွင့်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၂၀ဝ ကျော် ပါဝင် ခဲ့သည်။
The Voice Weekly

0 comments:

Post a Comment