စင်ကာပူနိုင်ငံသည် အိမ်ခြံမြေအဓိကရင်းနှီးမြှုပ်နှံမှုနေရာဒေသအ ဖြစ် နာမည်ကောင်းရထားသည်။ သို့ရာတွင် လွန်ခဲ့သည့်သီတင်းပတ်က
ကြေညာခဲ့သော အခွန်တော်တံဆိပ်ခေါင်းဖိုးမြင့်မားမှုကြောင့် ဤနာမည်ကောင်းကိုဆုံးရှုံးခဲ့ရပြီး ပြိုင်ဘက်များဖြစ်သော ဟောင်ကောင်နှင့် ဗြိတိန်
တို့က ကျော်တက်သွားကြောင်း TheStraits Times သတင်းစာတွင် ဒီဇင်ဘာ ၁၂ ရက်ကဖော်ပြထားသည်။
ရင်းနှီးမြှုပ်နှံသူတို့က စင်ကာပူအိမ်ခြံမြေကိုစိတ်ဝင်စားမှုရှိခဲ့သော်လည်း အခွန်သစ်စည်းမျဉ်းများကြောင့် အဟန့်အတားဖြစ်ခဲ့သည်။ ထိုသို့စိတ်ဝင်စား
ခဲ့သော အာရှနှင့်ပင်လယ်ရပ်ခြားရှိရင်းနှီးမြှုပ်နှံသူတို့ထံမှအိမ်ဝယ်ရန် မေးမြန်းစုံစမ်းမှုများကို ဗြိတိသျှအခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့Black
Brick Property Solution ကလက်ခံရရှိခဲ့ကြောင်း သတင်းစာတွင်ဖော်ပြထားသည်။ ဒီဇင်ဘာ ၇ ရက်တွင် စင်ကာပူအစိုးရက တံဆိပ်ခေါင်းအခွန်သစ်ကိုကြော်ညာခဲ့သည်။ စင်ကာပူတွင် လူနေအိမ်ဝယ်ယူလိုသူနိုင်ငံခြားသားသည် လက်ရှိဝယ်ခွန် ၃ ရာခိုင်နှုန်းအပြင် နောက်ထပ်
၁ဝ ရာခိုင်နှုန်းထပ်ဆောင်း၍ပေးရမည်ဖြစ်သည်။ အခွန်နှုန်းထားကို ဝယ်ဈေး နှုန်း သို့မဟုတ် ဈေးကွက်တန်ဖိုးနှစ်ခုအနက် များရာကို အခြေခံတွက်ချက်ခြင်းဖြစ်သည်။ ဤအခွန်ကြောင့် ထိခိုက်မှုရှိနိုင်သည့်အထဲတွင် အိမ်ခြံမြေတွင်ရင်းနှီးမြှုပ်နှံရန်အတွက်ဝယ်ယူသော စင်ကာပူ
နိုင်ငံသားနှင့် အမြဲတမ်းနေထိုင်ခွင့်ရသူများလည်းပါဝင်သည်။ ကော်ပိုရိပ်အဖွဲ့အစည်းများသည် အခွန် ၁ဝရာခိုင်နှုန်းကောက်ခံရမည့်အထဲတွင်
အကျုံးဝင်သည်။

ဇမ္ဗူစိုး
The Myanmar Post. REF: Asiaone.comhttp://www.myanmarnewshub.com/?p=2474
0 comments:
Post a Comment