ဒီဇင်ဘာ ၁၉ ရက်မှ ၂ဝ ရက်အထိ ကျင်းပသည့် စတုတ္ထအကြိမ်ဂျီအမ်အက်စ်ထိပ်သီးအစည်းအဝေးကို ပြည်ထောင်စုသမ္မတ မြန်မာ
နိုင်ငံတော်၏မြို့တော် နေပြည်တော်က̈ စတင်ကျင်းပနေပြီဖြစ်သည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် မဟာ
မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံတို့မှ နိုင်ငံအကြီးအကဲများနှင့် ဂျီအမ်အက်စ်နိုင်ငံများမှ ဝန်ကြီးများ၊ အခြားဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေး
လုပ်ငန်းရှင်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများအား မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကာကျင်းပပေးသည့်
ထိပ်သီးအစည်းအဝေးဖြစ်သည်။
ယခုကျင်းပသည့် ထိပ်သီးအစည်းအဝေးသည် မြန်မာနိုင်ငံအနေဖြင့်လာမည့် ၂ဝ၁၂ ခုနှစ်တွင် ကျင်းပမည့် ဘင်း(မ်)စတက်ထိပ်သီးအစည်းအဝေး၊
၂ဝ၁၃ ခုနှစ်တွင် ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ၂ဝ၁၄ ခုနှစ်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးများ
ကျင်းပနိုင်ရေးအတွက် အကြိုဆောင်ရွက်နိုင်မှုလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။အစည်းအဝေးတွင် ဂျီအမ်အက်စ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကွန်ဖရင့်၊
စတုတ္ထအကြိမ် ဂျီအမ်အက်စ်ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်နှင့်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနားများသာမက ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခြင်း အစီအစဉ်များကိုပါ စုံစုံလင်လင်ပါရှိရာ ဘက်ပေါင်းစုံပြည့်စုံကောင်းမွန်သည့် နိုင်ငံတကာအဆင့်မီ ထိပ်သီးအစည်းအဝေးကြီးတစ်ရပ် ဖြစ်ပေသည်။
ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား အိမ်ရှင်ပီသစွာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ
လှိုက်လှဲပျူငှာဖော်ရွေစွာ ကြိုဆိုမှုများမှာ ကြည်နူးဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ထိပ်သီး
အစည်းအဝေးသို့ တက်ရောက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံမှ အကြီးအကဲများကို လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ
ဆက်ဆံရေးက̈ ဆွေမျိုးပေါက်ဖော်အဆင့်မှ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့်နိုင်မှု၊ နှစ်နိုင်ငံကဏ္ဍစုံက̈
ပူးပေါင်းဆောင်ရွက်နေမှု၊ ပြည်တွင်းနိုင်ငံရေး၊ ပြည်ပဆက်ဆံရေး တို့နှင့်မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရင်းနှီး
ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည်။
ထို့အပြင် ဂျီအမ်အက်စ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကိုကျင်းပရာတွင် မဟာမဲခေါင်ဒေသခွဲ ခြောက်နိုင်ငံတို့မှ စီးပွားရေးကိုယ်စား
လှယ်များ၊ လုပ်ငန်းရှင်များနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ၂၅ဝ တို့တက်ရောက်ပြီး မဲခေါင်ဒေသတွင်း ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့
စေရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ချေးငွေအာမခံချက်နှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပိုမိုတိုးတက်ရေးတို့ကို
ဆွေးနွေးနိုင်ခဲ့သည်ကို တွေ့ရသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံက̈ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရခဲ့သည့် ဂျီအမ်အက်စ်ထိပ်သီးအစည်းအဝေးမှတစ်ဆင့် မြန်မာနိုင်ငံနှင့် မဟာ
မဲခေါင်ဒေသခွဲနိုင်ငံတို့ ရင်းနှီးချစ်ကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပွင့်လန်းလာတော့မည်ဖြစ်ပါကြောင်း ရေးသား
တင်ပြလိုက်ရပါသည်။

ကြေးမုံ
0 comments:
Post a Comment