အစိုးရက လျှပ်စစ်သုံးစွဲခနှုန်းထား တိုးမြှင့်လိုက်တာဟာ အောက်ခြေလူတန်းစားနဲ့ အိမ်တွင်းစီးပွားရေးလုပ်ငန်းတွေကို အများဆုံး ထိခိုက်နိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
နိုင်ငံပိုင် သတင်းစာတွေကနေ ဇန်နဝါရီလကစပြီး လျှပ်စစ်မီတာ သုံးစွဲခနှုန်းထားကို စီးပွားရေးသုံးအတွက် ၁ ယူနစ်ကို ၅၀ ကျပ်ကနေ ၇၅ ကျပ်နှုန်း၊ အိမ်သုံးအတွက်ဆိုရင်တော့ ၁ ယူနစ်ကို ၂၅ ကျပ်ကနေ ၃၅ ကျပ် တိုးမြှင့်မယ်လို့ ကြေညာပါတယ်။
ရာခိုင်နှုန်း အားဖြင့် စီးပွားရေးသုံးအတွက် ၅၀ ရာခိုင်နှုန်းဖြစ်သွားပြီးတော့ နေအိမ်သုံးအတွက်ဆိုရင်လည်း ၄၀ ရာခိုင်နှုန်းတိုးသွားတာပါ။
စား သောက်ဆိုင်ဖွင့်ထားတဲ့ လုပ်ငန်းရှင်တဦးက “အောက်ခြေလူတန်းစား ထိခိုက်မှာပဲ။ ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေက မီးထွန်းပြီးသုံးတာ၊ မီးရောင်ကိုသုံးတာ မီးအားကိုသုံးတာမဟုတ်ဘူး။ သူတို့ ဆုံးဖြတ်တာက မီးအားကိုအသုံးပြုတာလို့ ပြောရာကနေ အခု ပါဝါမီတာတွေ တက်တာပေါ့။ တကယ်တမ်း ပါဝါမီတာတွေ တက်ရမှာ။ ပါဝါမီတာကျတော့ အဲဒီဟာအတွက်တင် မဟုတ်ဘဲနဲ့ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတွေပါ အကုန်လုံးချတဲ့အခါကျတော့ ကွမ်းယာဆိုင်၊ အကြော်ဆိုင်က စပြီး ကောက်တာ။ မီးထွန်းရင် စီးပွားရေးလုပ်ငန်း လုပ်တယ်ဆိုပြီး ထွန်းတာ။ အခုထိမှာလေ မနည်းဘူး တက်သွားမှာ။
“နောက်တခု မီတာထိန်းသိမ်းခဆိုတာ ရှိသေးတယ်။ ကိုယ့်အိမ်ကိုယ် မီတာချိတ်ထားတာပဲ။ အဲဒီမီတာထိန်းသိမ်းခက တလကို တထောင်ထည့်ပေးရတာ။ တအိမ်ထောင်ကို တထောင်ဆိုတော့ ဗမာပြည်မှာ ရှိတဲ့ အိမ်ထောင်စုပေါင်းများစွာ တွက်ကြည့်လိုက်ဗျာ၊ အဲဒါ ဗလာသက်သက်ဝင်တဲ့ ငွေပဲ” လို့ ပြောပါတယ်။
လျှပ်စစ်သုံး စွဲရာမှာ အဓိကအားဖြင့် စီးပွားရေးသုံးနဲ့ အိမ်သုံးဆိုပြီးတော့ အစိုးရက နှစ်မျိုးခွဲထားပေမယ့် အိမ်တွင်းတနိုင်တပိုင် လုပ်ငန်း လုပ်တဲ့သူတွေကိုလည်း စီးပွားရေးသုံးဆိုပြီး စက်ရုံကြီးတွေသုံးတဲ့ နှုန်းထားနဲ့ တတန်းတည်းထားပြီး သုံးစွဲခကောက်ခံပါတယ်။
အစိုး ရလျှပ်စစ်ဌာနကလည်း စီးပွားရေးလုပ်ငန်းသုံးအတွက် ပါဝါမီတာကို သုံးစွဲသူ အရေအတွက် လိုသလောက်ချပေးထားခြင်း မရှိဘူးလို့လည်း သိရပါတယ်။
မင်းလွင် DVB
0 comments:
Post a Comment