Sunday, 18 December 2011

ကတ္တီပါတော်လှန်ရေးဦးဆောင်ခဲ့သူ ဗားကလက်ဗ်ဟေဗယ်လ် ကွယ်လွန်

w82_20
အမေရိကန်လွှတ်တော်တွင် ၁၉၉၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၁ ရက်က မိန့်ခွန်းပြောနေစဉ်
ယခင် ချက်ကိုစလိုဗားကီးယားနိုင်ငံတွင် ကွန်မြူနစ်စနစ်ကို ဖြုတ်ချခဲ့သော ကတ္တီပါတော်လှန်ရေးကို ဦးဆောင်ခဲ့သည့် ဗားကလက်ဗ်ဟေဗယ်လ်သည် အသက် ၇၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း ချက်ရုပ်သံဌာနက ဒီဇင်ဘာလ ၁၈ ရက်တွင် ကြေညာခဲ့သည်။ 
ဟေဗယ်လ်သည် ၁၉၇၀ ပြည့် နှစ်နှင့် ၁၉၈၀ ပြည့်နှစ်များတွင် ကွန်မြူနစ်အစိုးရကို ဆန့်ကျင်ရာ၌ ဦးဆောင်သူဖြစ်ခဲ့ပြီးထောင်လေးနှစ်ခွဲ ကျခံခဲ့ရသည်။ ယင်းနောက် ၁၉၈၉ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ကတ္တီပါ တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်၌ ချက်ကိုစလိုဗားကီးယားနိုင်ငံမှာ နှစ်ခြမ်းကွဲသွားခဲ့ကာ ဟေဗယ်လ်သည်လည်း ချက်သမ္မတနိုင်ငံ၏ သမ္မတဖြစ်လာခဲ့သည်။
ဂျာမနီတွင် ဘာလင်တံတိုင်း ပြိုကျပြီးနောက်ရက်သတ္တပတ်များအတွင်း ကတ္တီပါတော်လှန်ရေးပေါ်ပေါက်ခဲ့ပြီး ချက်ကိုစလိုဗားကီးယား ကွန်မြူနစ် အစိုးရမှာသေနတ်တစ်ချက် မဖောက် ရဘဲ ရာထူးမှဆင်းပေးခဲ့ရသည်။ လွန် ခဲ့သော ၂၂ နှစ်ခန့်က ဒီဇင်ဘာလအတွင်း ချက်ကိုစလိုဗားကီးယား ကွန် မြူနစ်အစိုးရ၏လွှတ်တော်တွင် ဟေ ဗယ်လ်ကိုသမ္မတအဖြစ် ကန့်ကွက်သူ မရှိ မဲပေးရွေးချယ်ခဲ့ပြီး နှစ်လအကြာ တွင် အမေရိကန်လွှတ်တော်၌ သမိုင်း ၀င်မိန့်ခွန်းပြောကြားခဲ့သည်။
ကွန်မြူနစ်အစိုးရ၏ နောက်ဆုံးအကြိမ် ဖမ်းဆီးမှုခံရပြီး လေးလကျော်အကြာတွင် သမ္မတတစ်ဦးအနေဖြင့် ဟေဗယ်လ်က ၀ါရှင်တန်သို့ သွား ရောက်ခဲ့ခြင်းဖြစ်သည်။  ဟေဗယ်လ်သည် ချက်ကိုစလို ဗားကီးနိုင်ငံကို နေတိုးအဖွဲ့နှင့် ဥရောပသမဂ္ဂအဖွဲ့တို့သို့ ၀င်ရောက်နိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ သို့သော် ပြည်တွင်းနိုင်ငံရေးအခက်အခဲများစွာ တွင် မအောင်မြင်မှုကြုံတွေ့ခဲ့ရပြီး ချက်ကိုစလိုဗားကီးယားနိုင်ငံ နှစ်ခြမ်း မကွဲစေရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့ပေ။
ချက်ကိုစလိုဗားကီးယားနိုင်ငံကို ချက်သမ္မတနိုင်ငံနှင့် ဆလိုဗက်ကီး ယားနိုင်ငံအဖြစ် နှစ်ခြမ်းခွဲရန် နိုင်ငံ ရေးသမားများက သဘောတူညီခဲ့ပြီး နောက် ဟေဗယ်လ်က သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့သည်။
မိမိမနှစ်သက်သူတစ်ဦးကို အာဏာလွှဲပေးသည့် နိုင်ငံရေးသမားတစ်ဦး အကြောင်းအား ရေးသားထားသော Leaving ပြဇာတ်မရေးသားမီ ဟေဗယ်လ်မှာ ချက်သမ္မတနိုင်ငံ၏သမ္မတ အဖြစ် နှစ်ကြိမ်ရွေးချယ်ခံခဲ့ရသည်။ ၎င်းမနှစ်သက်သည်ဟု ရည်ညွှန်းခံရ သူမှာ ၎င်းနှင့်ကာလရှည်ကြာ နိုင်ငံ ရေးပြိုင်ဘက်ဖြစ်သော လက်ရှိသမ္မတ ဗာကလက်ဗ်ကလောက်စ်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။
ဟေဗယ်လ်သည် ဒီဇင်ဘာလ ၁၈ ရက်နံနက်ပိုင်းတွင် ငြိမ်ငြိမ်သက် သက်သေဆုံးခဲ့ကြောင်း၊ ၎င်းအနား တွင် ¤င်း၏ဇနီးဒက်ဂ်မာလည်း ရှိနေ ကြောင်း ဟေဗယ်လ်၏ပြောခွင့်ရပုဂ္ဂိုလ် ဆာဘီနာတန်စီဗိုဗာက ချက်သတင်း ဌာနသို့ ပြောကြားခဲ့သည်။
မိမိမနှစ်သက်သူတစ်ဦးကို အာဏာလွှဲပေးသည့် နိုင်ငံရေးသမားတစ်ဦး အကြောင်းအား ရေးသားထားသော Leaving ပြဇာတ်မရေးသားမီ ဟေဗယ်လ်မှာ ချက်သမ္မတနိုင်ငံ၏သမ္မတ အဖြစ် နှစ်ကြိမ်ရွေးချယ်ခံခဲ့ရသည်။ ၎င်းမနှစ်သက်သည်ဟု ရည်ညွှန်းခံရ သူမှာ ၎င်းနှင့်ကာလရှည်ကြာ နိုင်ငံ ရေးပြိုင်ဘက်ဖြစ်သော လက်ရှိသမ္မတ ဗာကလက်ဗ်ကလောက်စ်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။   ဟေဗယ်လ်သည် ဒီဇင်ဘာလ ၁၈ ရက်နံနက်ပိုင်းတွင် ငြိမ်ငြိမ်သက် သက်သေဆုံးခဲ့ကြောင်း၊ ¤င်းအနား တွင် ¤င်း၏ဇနီးဒက်ဂ်မာလည်း ရှိနေ ကြောင်း ဟေဗယ်လ်၏ပြောခွင့်ရပုဂ္ဂိုလ် ဆာဘီနာတန်စီဗိုဗာက ချက်သတင်း ဌာနသို့ ပြောကြားခဲ့သည်။  ဟေဗယ်လ်သည် ပြဇာတ်ရေးသူအဖြစ်မှ နိုင်ငံရေးသမားဖြစ်လာခဲ့ပြီး သမ္မတမိန့်ခွန်းများနှင့် စကားပြောဆိုမှုများတွင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်သူဖြစ်သည်။ သမ္မတဖြစ်ပြီးနောက် ပရပ်ဂ်မြို့ရှိ ရဲတိုက်စင်္ကြံလမ်းတွင် စကူတာစီးတတ်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
ချက်ကိုစလိုဗား ကီးယားရော့ခ်အဖွဲ့ Plastic People of the Universe ကို ဖမ်းဆီးမှုအား ကန့်ကွက်သည့်အနေဖြင့် ထုတ်ပြန်ခဲ့သော ကွန်မြူနစ်ဆန့်ကျင်ရေး Charter 77  ကို ရေးသားရာတွင် ပါဝင်ခဲ့သည်။  နိုဗယ်ငြိမ်းချမ်းရေးဆုရရှိရန် ထပ်ခါထပ်ခါ မျှော်လင့်ခံရပြီး ဆုရရှိခဲ့ခြင်းမရှိသော်လည်း သေဆုံးသည့်အချိန်အထိ ကျူးဘားမှသည် တရုတ် နိုင်ငံအထိ ကွန်မြူနစ်ဆန့်ကျင်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။ Charter 77  ကို အားကျအတုယူပြီး တရုတ်တွင် နိုင်ငံရေးလွတ်လပ်ခွင့်ပိုမို ရရှိရေး တောင်းဆိုသည့် Charter 08  ရေးသားသော တရုတ်နိုင်ငံရေး လှုပ်ရှားသူ လျူကျောင်းပိုအား လွှတ်ပေးရန် ဟေဗယ်လ်က တရုတ်အစိုးရအား တိုက်တွန်းခဲ့သည်။    
Ref:CNN

0 comments:

Post a Comment