Thursday, 29 December 2011

တာမွေမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ် ရဲဘော်ငါးဦး၏ ဈာပနကို နေ့ချင်းသဂြုင်္ိဟ်

၂၉ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်ခန့် ဖြစ်ပေါ်ခဲ့သော မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ် လမ်းရှိ ဂိုဒေါင်များ မီးလောင် ပေါက်ကွဲမှုကြောင့် တာဝန်ထမ်း ဆောင်ရင်း ရုတ်တရက် သေဆုံးသွားခဲ့သည့် တာမွေမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ် ရဲဘော်ငါးဦး၏ ဈာပနကို ယနေ့ ညနေက ရန်ကုန်ဆေးရုံကြီး အအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်ပြီး နေ့ချင်းသဂြုင်္ိဟ် ခဲ့သည်။ သေဆုံးသွားသော မီးသတ်ရဲ ဘော်များမှာ တပ်ကြပ်ကြီးဇော်ဌေး (၅ဝနှစ်)၊ တပ်သား သော်ဇင်မျိုးထက် (၂၁နှစ်)၊ တပ်သား အောင်အောင်(၂၈နှစ်)၊ တပ်သားမျိုးကျော် ကျော်(၂ဝနှစ်)နှင့် တပ်ကြပ် တင်စိုး (၃၄နှစ်)တို့ ဖြစ်သည်။





နိုင်လင်း (ပေါ်ပျူလာဂျာနယ်)

0 comments:

Post a Comment