“ရှမ်းပြည်နယ် အစိုးရထံမှ ခွင့်ပြုချက်ရပြီးပါပြီ။ တရုတ်ဘက်က လက်မှတ်ထိုးဖို့ပဲ ကျန်တော့တယ်”ဟု မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်များအသင်း ဒုဥက္ကဋ္ဌ ဦးဌေးဦးကပြောသည်။
ထိုကဲ့သို့ ချစ်ကြည်ရေးမြို့များအဖြစ် သတ်မှတ်ရန်စီစဉ်ရခြင်းမှာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးရည်ရွယ်ချက်ဖြစ်ပြီး ယခုတစ်ပတ်အတွင်း နှစ်ဖက်နိုင်ငံ
မှခရီးသွားလုပ်ငန်းလုပ်ကိုင်သူများမူဆယ်မြို့တွင် ခရီးသွားလုပ်ငန်းတိုးတက်စေရေးအတွက် ဆွေးနွေးတိုင်ပင်ကြမည်ဖြစ်သည်။
ထို့အပြင် နမ်စီမြို့မှ လားရှိုးမြို့သို့အပတ်စဉ် လေယာဉ်ပျံသန်းရန် ယူနန်အစိုးရအဖွဲ့ပြည်ပရေးရာတာဝန်ခံက ရွှေလီမြို့တွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် ယူနန်
အစိုးရအား အကြံပြုခဲ့သည်။
မူဆယ်ဝင်ပေါက်မှ ၂၀၁၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသား ၅၆၇၉ ဦးနှင့် နိုင်ငံခြားသား ၁၆၈ ဦးတို့ ၀င်ရောက်ခဲ့ပြီး ယခုနှစ်နိုဝင်ဘာလကုန်အထိ တရုတ်နိုင်ငံသား ၁၇၈ ဦးနှင့် နိုင်ငံခြားသား ၃ ဦးဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်သော စာရင်းအရသိရသည်။
7 day news wesite မှကူးယူ ဖော်ပြသည်။

0 comments:
Post a Comment