Thursday, 29 December 2011

ပြည်ပကျောင်းသွားတက်သူအများစု အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို ရွေးချယ်

Photo

ပြည်ပနိုင်ငံများတွင် သွားရောက် ပညာသင်ယူကြသော မြန်မာ ကျောင်းသားအများစုသည် ကောလိပ်ကျောင်းများ၌ ဒီပလိုမာ အဆင့်သင်တန်းများကို တက်ရောက်နေကြပြီး အသက်မွေးဝမ်း ကျောင်းဘာသာရပ်များကို ရွေးချယ်သင်ယူကြကြောင်း  နိုင်ငံတကာပညာရေး လေ့လာမှုစစ်တမ်းတစ်ခုအရ သိရသည်။
မြန်မာကျောင်းသား ၅၀ ရာ ခိုင်နှုန်းခန့်မှာ ကောလိပ်ကျောင်းများတွင် ဒီဂရီဘွဲ့သင်တန်းဆက် လက်တက်ရောက်နိုင်သည့် ဒီပ လိုမာသင်တန်းများကို သင်ယူနေ ပြီး အလယ်အလတ် အဆင့် တက္ကသိုလ်များတွင် ကျောင်းသား ၂၅ ရာခိုင်နှုန်းနှင့် ထိပ်တန်းအဆင့် တက္ကသိုလ်များ၌ ကျောင်းသား ၁၅ ရာခိုင်နှုန်းခန့်သွားရောက်ပညာ သင်ယူနေကြောင်း စစ်တမ်း၌ ဖော်ပြထားသည်။အသက်မွေးဝမ်းကျောင်း ဘာသာရပ်သင်ယူရန် ရည်ရွယ် သောကျောင်းသားမှာ ၅၀ ရာခိုင်နှုန်းကျော်ရှိနေပြီး အကယ်ဒမစ် ဘာသာရပ်များ သင်ယူရန်ရည် ရွယ်သောကျောင်းသားမှာ ၃၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရ သည်။ မြန်မာကျောင်းသားများ အဓိကလေ့လာသင်ယူကြသောဘာသာ ရပ်များမှာ စီးပွားရေးစီမံ ခန့်ခွဲမှု၊ အင်ဂျင်နီယာ၊ ဆေးပညာ နှင့် ဆက်စပ်သောဘာသာရပ် များ၊ သတင်းနည်းပညာ၊ ဟို တယ်နှင့် ခရီးသွားစီမံခန့်ခွဲမှုဘာသာရပ်တို့ ဖြစ်ကြောင်းသိရသည်။
ပြည်ပတက္ကသိုလ်၊ ကောလိပ်များ၌ သွားရောက်ပညာသင်ယူ ရန်အတွက် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၏ လမ်းညွှန်မှုရယူရာတွင် ကျောင်းသား ၆၀ ရာခိုင်
နှုန်းခန့်သည် သင့်လျော်သောလမ်းညွှန်မှုကိုမရရှိကြောင်း အဆိုပါစစ်တမ်းတွင်သုံးသပ်ထားသည်။

7 Day News

0 comments:

Post a Comment