ရုပ်ရှင်လောကနှင့် လေးနှစ်ကျော်ကြာအလှမ်းဝေးနေခဲ့သော ဝါရင့်သရုပ်ဆောင် အကယ်ဒမီကျော်သူက ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ပြန်လည်ဝင်ရောက် လာမည်ဖြစ်ကြောင်း သရုပ်ဆောင်ကျော်သူကိုယ်တိုင်The Voice Weekly သို့ ပြောကြားသည်။
အဆိုပါရုပ်ရှင်နှင့်ပတ်သက်၍ ဒါရိုက်တာအဖြစ် ပါဝင်ကူညီမည့်အပြင် လိုအပ်မည့်သမိုင်းအထောက်အထားများ အတွက်လည်း ရှားပါးမှတ်တမ်း ဓာတ်ပုံများ လှူဒါန်းပြီးကြောင်း ဦးကျော်သူထံမှသိရသည်။
”ဗိုလ်ချုပ်ဇာတ်ကားရိုက်တဲ့အတွက် ဗိုလ်ချုပ်ရဲ့ဇာတ်ရုပ်မပျောက်သွားအောင် ဒီဇာတ်ကားမှာပါဝင်တဲ့ ဝါရင့် သရုပ်ဆောင်တွေက သရုပ်ဆောင်ပိုင်း ကိုထိန်းသင့်တယ်။ ဒါမှ ဗိုလ်ချုပ်ဇာတ်ရုပ် ရုပ်လုံးကြွမှာ” ဟု ၎င်းကဆိုသည်။
ဗိုလ်ချုပ်ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်လောကအတွက်သာမက မြန်မာသမိုင်းကြောင်းအတွက်ပါ မှတ်တမ်း တင်ထားအပ်သော ရုပ်ရှင်ကားဖြစ် သောကြောင့် အစစအရာရာသတိထားကာ အကောင်းဆုံးဖန်တီးကြရမည်ဖြစ်ကြောင်း၊ ရုပ်ရှင်လောကအတွက် အလွန်သတိထားဆောင် ရွက်သင့်သော ရုပ်ရှင်ကားဖြစ်ကြောင်း၊ ပြည်သူတိုင်းပါဝင်ဖြည့်ဆည်းဆောင်ရွက်သင့်ကြောင်း လည်း ၎င်းကအကြံပြုသည်။
ရုပ်ရှင်လောကနှင့် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စ၍ ဝေးကွာခဲ့ရာမှ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလမှစ၍ လွတ်လပ်ခြင်း အနုပညာရုပ်ရှင် ပွဲတော်တွင် ဇာတ်လမ်း တိုရုပ်ရှင်ကားနှင့် ပြန်လည်ဝင်ရောက်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကားမှာ ဒုတိယ ခြေလှမ်းဖြစ်ကြောင်း ဝါရင့်သရုပ်ဆောင်ဦးကျော်သူက ရှင်းလင်းပြောကြားသည်။
The Voice Weekly Journal Vol.8/ No.3
0 comments:
Post a Comment