Sunday, 25 December 2011

မြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရလေးနိုင်ငံမှ ကျောင်းသားများအတွက် APSC Scholarship

မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း နိုင်ငံနှင့် လာအိုတို့တွင် ရှိသော ကျောင်းသားများ မာစတာတန်း တက်ရောက်ရန် ပညာသင် ထောက်ပံ့ကြေး ပေးသော အစီအစဉ် ဖြစ်ပါသည်။  အာရှပစိဖိတ် ပညာသင် ထောက်ပံ့ကြေး အဖွဲ့အစည်းမှာ ထိုင်းနိုင်ငံ၊ ဟောင်ကောင်၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ရှိသော တက္ကသိုလ်များ၏ တရားဝင် မဟုတ်ဘဲ ရိုးရိုးချိတ်ဆက်ထားသော ကွန်ရက် ဖြစ်ပါသည်။ ၎င်းအဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံတွေမှာရှိတဲ့ ကျောင်းသားတွေကို အဆင့်မြင့်တဲ့ ပညာရပ်တွေ လေ့လာတဲ့ခါမှာ လိုအပ်သော ငွေကြေးဆိုင်ရာ  ကိစ္စများအတွက် ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် ရည်ရွယ် တည်ထောင်ထားခြင်း ဖြစ်ပါသည်။
ဆုပုံစံ
APSC ဆိုသည်မှာ ပညာသင် ထောက်ပံ့ကြေးကို အပြည့်အဝပေးသော ပရိုဂရမ်တစ်ခု ဖြစ်သည်။ ၎င်းပရိုဂရမ်ကို ရရှိသော ကျောင်းသားများမှာ ကိုယ်ပိုင်ငွေကို မာစတာတန်း တက်ရောက်ရန် အတွက် စိုက်ထုတ်စရာ မလိုအပ်ပေ။ အထောက်အပံ့ ပေးမည့်အရာများမှာ-
- ကျောင်းလခနှင့် မဖြစ်မနေ ပေးသွင်းရမည့် ငွေကြေးများ(စာမေးပွဲကြေးနှင့် သုတေသန စာတမ်းအတွက် ကုန်ငွေစသည်တို့ ပါဝင်သည်)
- ကျောင်းသား တစ်ဦးအတွက် ကုန်ကျနိုင်မည့် နေထိုင်စရိတ်
- ပညာသင်ကြားနေစဉ် လိုအပ်သော ကျန်းမာရေးဆိုင်ရာ အာမခ
ံ- ပညာရေးနှင့်ဆိုင်သော အထောက်အပံ့များနှင့် ပစ္စည်းများအတွက် ထောက်ပံ့မှု
- ပရိုဂရမ်စတင်ချိန်နဲ့ ပြီးဆုံးချိန်တို့၌ ပညာသင် ထောက်ပံ့ကြေး ဆုရရှိသောသူအား အိမ်မှတက္ကသိုလ်သို့ လာရောက်ရမည့် ခရီးစရိတ်နှင့် အပြန်ခရီး စရိတ်
- ပညာသင်ကြား နေချိန်၌ ကျောင်းသားဗီဇာ အတွက် လိုအပ်သော ငွေကြေး
- ကွန်ပျူတာ၊ ပညာရေးဆိုင်ရာ ကွန်ဖရင့် သို့မဟုတ် ဂျာနယ် ဝယ်ယူမှု စသည်တို့၌ ကုန်ကျမည့် ငွေကြေး
- တစ်နှစ်တစ်ကြိမ် ကျင်းပသော APSC ကျောင်းသားများ ကွန်ဖရင့် တစ်ပတ်စာ တက်ရောက်စဉ် အတွင်း သုံးစွဲရမည့် ငွေကြေး
- ပညာသင် ထောက်ပံ့ကြေး ရရှိသူက ၎င်းတို့၏ နိုင်ငံအတွင်း သို့မဟုတ် အခြားသော နိုင်ငံအတွင်း ပြုလုပ်ရမည့် သုတေသန အတွက် သုံးစွဲရမည့် ငွေကြေး ၎င်းဆုကို လက်ခံရရှိမည့်သူမှာ ဟောင်ကောင်၊ ထိုင်းနိုင်ငံ၊ မလေးရှား သို့မဟုတ် ဖိလစ်ပိုင်နိုင်ငံများတွင် ရှိသော နိုင်ငံတကာ ကျောင်းများကို တက်ရောက်ပြီး ပညာသင်ကြားနိုင်မည် ဖြစ်သည်။ ပညာသင်ဆု ကျောင်းသားများမှာ အထက်ဖော်ပြပါ ဘာသာရပ်များမှာ မာစတာတန်း တက်ရောက်ရန် အတွက် တစ်နှစ် သို့မဟုတ် နှစ်နှစ် တက်ရောက်ရန် လိုပါသည်။ ပညာသင်ဆုရ ကျောင်းသားများမှာ မာစတာတန်း တက်ရောက်သော အခါ၌ အချိန်ပြည့်  တက်ရောက်ရမည် ဖြစ်ပြီး ဘာသာရပ်များကို ပြီးပြတ်အောင် တက်ရောက်ရမည် ဖြစ်သည်။
ရည်ရွယ်ချက်
မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် အဆင့်မြင့်ပညာ ရပ်များသင်ကြား လေ့လာနိုင်ရန်နှင့် အခွင့်အလမ်းများ ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ၎င်းပညာသင် ထောက်ပံ့ကြေးကို ပေးခြင်းဖြစ်သည်။ ပညာသင် ထောက်ပံ့ကြေး အတွက် လျောက်ထားနိုင်သော ပညာရပ်များမှာ –  Community  Health,  -  Development,  -  Education, -  Environment,    -  Humanities  &  Social  Sciences,  -  Media, – Policy, Law & Administration, – Social Work တို့ဖြစ်ပါတယ်။
Research နှင့် Internships
ပညာသင် ထောက်ပံ့ကြေးဆု ရရှိပြီးသော ကျောင်းသားသည် ၎င်း၏ အမိနိုင်ငံကိုပြန်ပြီး မာစတာတန်း အတွက် သုတေသနစာတမ်း တင်ရန် အတွက် လိုအပ်သော ငွေကြေးကို APSC သုတေသန စာတမ်းဆိုင်ရာ ထောက်ပံ့ကြေးဆု (APSC Research Grant) ကို လျှောက်ထား ရယူနိုင်မည်ဖြစ်သည်။  ထိုကဲ့သို့ သုတေသန ပြုရမည့် စာတမ်းကိုတော့ တက္ကသိုလ်မှ အကြံပေးပုဂ္ဂိုလ်၏ ညွှန်ကြားမှုအောက်တွင် ပြုလုပ်ရမည် ဖြစ်သည်။ APSC ၌ ပညာသင် ထောက်ပံ့ကြေးဖြင့် မာစတာဘွဲ့ကို ရရှိထားသော ကျောင်းသားမှာ APSC Intership ပရိုဂရမ်ကို လျှောက်ထားနိုင်သည်။ ၎င်းပရိုဂရမ် ရရှိသောသူမှာ အရှေ့တောင်အာရှဒေသမှာ ရှိသော အဖွဲ့အစည်းများနှင့် အင်စတီကျူးရှင်းများ၌ (၁) လမှ (၆) လအထိ ဝင်ရောက်ပြီး လုပ်ကိုင်ရမည် ဖြစ်သည်။
Eligibility နှင့် Restriction
- ပညာသင် ထောက်ပံ့ကြေးဆု လျှောက်ထားမည့်သူသည် လျှောက်ထားရမည့် နောက်ဆုံးရက် မတိုင်မီတွင် ကောင်းမွန်သော ပညာရေးဆိုင်ရာ မှတ်တမ်းရှိရမည် ဖြစ်သည်။
-မြန်မာ၊ ကမ္ဘာဒီးယား၊ ထိုင်းနိုင်ငံ သို့မဟုတ် လာအိုနိုင်ငံတို့တွင် နေထိုင်သူ နိုင်ငံသား ဖြစ်ရပါမည်။
-နေထိုင်ရာနိုင်ငံတွင် သက်ဆိုင်ရာ နယ်ပယ်၌ အနည်းဆုံး တစ်နှစ်ခန့် လုပ်ကိုင်ထားရမည် ဖြစ်သည်။
- အင်္ဂလိပ်စာ ကျွမ်းကျင်ရမည်။
- ပညာသင်ကြားပြီးနောက် ပညာသင် ထောက်ပံ့ကြေး ရရှိထားသော ကျောင်းသားသည် မိမိ၏နေရင်း နိုင်ငံသို့ ပြန်လည် ဝင်ရောက်ပြီး သင်ယူထားသော ပညာရပ်များကို အသုံးချရမည် ဖြစ်သည်။
လျှောက်လွှာခေါ်ယူခြင်း
လျှောက်လွှာ တင်မည့်သူမှာ APSC သို့ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် အတိုင်ခင် ပေးပို့ရမည် ဖြစ်သည်။ အချက်အလက်များကို လက်ရေးဖြင့် ဖြစ်စေ၊ Scan ဖတ်၍ ဖြစ်စေ ပေးပို့နိုင်ပါသည်။
- ပေးပို့ရမည့် အချက်အလက်များမှာ
1. APSC 2012 Scholarship Application
2. APSC 2012 Reference Form တွင် ပညာရေးဆိုင်ရာ ထောက်ခံပေးသူ၏ ထောက်ခံစာ ဖြည့်စွက်ရမည်။
3. APSC 2012 Reference Form တွင် ပညာရှင်တစ်ဦးမှ ထောက်ခံချက် ပေးသူ၏ ထောက်ခံစာ ဖြည့်စွက်ရမည်။
4. ယခင် တက္ကသိုလ်အဆင့် ပညာရေးဆိုင်ရာ မှတ်တမ်း Scan ကော်ပီ၊(ဘာကြောင့် ၎င်းမှတ်တမ်း မရှိကြောင်း ရှင်းလင်း တင်ပြခြင်း)
5. နိုင်ငံကူလက်မှတ် Passport ကို Scan ဖတ်၍ ပေးပို့ရမည်။ (ဓာတ်ပုံပါ စာမျက်နှာကိုသာ Scan ဖတ်ရန်လိုပြီး တံဆိပ်တုံး ထုထားသော စာမျက်နှာများ မလိုအပ်ပေ။)
6. အောက်ဖော်ပြပါ နှစ်ခုမှ တစ်ခု၏ Scan ကောပီ
- TOEFL သို့မဟုတ် IELTS တို့ ကဲ့သို့သော ဖြေဆိုဘူးခဲ့သော တရားဝင် အင်္ဂလိပ်စာ အရည်အသွေးစစ် စာမေးပွဲလက်မှတ်
- EPOP TOFEL Diagnostic Exam
APSC ကိုလျှောက်ထားမည့် သူသည် Exam Preparation Outreach Program (EPOP) ကို အခမဲ့ဖြေဆို လေ့လာနိုင်ပါသည်။ TOEFL သို့မဟုတ် IELTS စာမေးပွဲကို ဖြေဆိုအောင်မြင် ထားသူများ ဖြေဆိုရန်မလိုပေ။ EPOP မှာ TOEFL စာမေးပွဲတွင် ကျောင်းသာ အမှတ်မည်မျှ ရနိုင်မည်ကို ကြိုတင်စစ်ပေးသော စာမေးပွဲ ဖြစ်ပါသည်။ EPOP ကိုဖြေဆိုရန် လိုအပ်ပါက နိုဝင်ဘာ ၁၅ ရက်အတိုင်မီတွင် မှတ်ပုံတင်ပြီး ဖြေဆိုရန် လိုအပ်ပါသည်။ apsconsortium @gmail.com တွင်  အွန်လိုင်း စာမေးပွဲကို ဘယ်လို ဖြေဆိုရမည်ကို စုံစမ်းနိုင်ပါသည်။ အင်တာနက် အဆင်မပြေ၍ အွန်လိုင်းမှ ဖြေဆိုရန် မဖြစ်နိုင်လျှင်လည်း ၎င်းအီး မေးလ်ကို ဆက်သွယ်၍ လိုအပ်သော အကူအညီများကို တောင်းနိုင်ပါသည်။
APSC scholarship  အကြောင်းလေ့လာစရာဝက်ဘ်ဆိုက်
http://myanmarstudyabroad.org/scholarships/scholarships-for-people-from-myanmar
myanmar studyabroad  ဆိုက်၏ Scholarship  စာမျက်နှာတွင်  Home, Getting Started, Recommended Courses, Scholarships, Universities နှင့် Support ဆိုသော Tab များ ပါဝင်ပါသည်။ Scholarship Tab ၏ အောက်တွင် Sub-tab များစွာရှိပြီး Schol.for Myanmar Students (A-I) ထဲမှာ Asia Pacific Scholarship Consortium ကို click ခေါက်၍ ခေါ်ကြည့်သော အခါတွင် မြန်မာ အပါအဝင် အရှေ့တောင်အာရှ လေးနိုင်ငံမှ လူငယ်များ  မာစတာတန်း တက်ရောက်နိုင်မည့် အချက်အလက်များကို ဖော်ပြထားတာကို တွေ့ရမည်ဖြစ်ပါသည်။ ၎င်း Program မှာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၌ နောက်ဆုံး လျှောက်ထားရမည် ဖြစ်ပါသည်။ ထိုစာမျက်နှာတွင် APSC  2012 အကြောင်း ခြုံငုံဖော်ပြချက်၊ APSC 2012 Scholarship Application နှင့် APSC Reference Form စသည်တို့ကို Download ရယူနိုင်မည် ဖြစ်ပါသည်။

0 comments:

Post a Comment