Tuesday, 27 December 2011

အပြည်ပြည်ဆိုင်ရာမြန်မာ့ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းမည်

 

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း  MAI  က မကြာမီခရီးစဉ်များတိုးချဲ့ပျံသန်းတော့မည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်း ဈေးကွက်မန်နေဂျာဒေါ်အေးမရသာက ပြောသည်။
    ယခင်က ရန်ကုန်-စင်ကာပူ ခရီးစဉ်ကို တစ်ပတ်လျှင် ၁၂ ကြိမ်သာ ပျံသန်းခဲ့သော်လည်း ဒီဇင်ဘာလဆန်းမှစ၍ ကြာသပတေးနှင့် တနင်္ဂနွေနေ့တို့တွင် နှစ်ကြိမ်တိုးကာ ၁၄ ကြိမ်ထိ တိုးချဲ့ပျံသန်းမည်ဖြစ်သည်။
    ထို့အပြင် ဗုဒ္ဓဂယာသို့ တစ်ပတ်လျှင် နှစ်ရက်ပျံသန်းနေရာမှ ဇန်န၀ါရီလဆန်းမှစ၍သောကြာနေ့တစ်နေ့ထပ်တိုးပျံသန်းမည်ဖြစ်ပြီး ကွမ်ကျိုးသို့လည်း အင်္ဂါနေ့တစ်ရက်ထပ်တိုးပျံသန်းမည်ဟု ဒေါ်အေးမရသာက ပြောသည်။
    MAI   လေကြောင်းလိုင်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုပြီးနောက် လေယာဉ်သစ်များ ထပ်မံတိုးချဲ့ကာ မကြာသေးမီကပင် ခရီးသည် ၂၂၀ ဦး  စီးနိုင်သော Air Bus လေယာဉ်တစ်စင်း ထပ်မံဝယ်ယူခဲ့သည်။

အောင်သူရ
7 day news 

0 comments:

Post a Comment