Photo: 7 Day News Journal
ဒီဇင်ဘာ ၃၀ရက်တွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့ပါသည်။ အခန်းအနားကိုအမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖွင့်လစ်ပေးခဲ့ပြီး မိန့်ခွန်းပြော ကြားခဲ့ပါသည်။
“ဒီပွဲကိုလာရောက်အားပေးတဲ့ပရိသတ်တွေအနေနဲ့ ဂီတပွဲတော်ကို ချီးမြင့်တယ်ဆိုတာ အနုပညာသည်တွေကိုအားပေးတာပါ၊ ဂီတပွဲတော် ကနေထောက်ပံ့မယ့်ပညာရေးကို အားပေးတာပါ၊ ပညာရေးကိုအားပေးတယ်ဆိုတာ တိုင်းပြည်အနာဂတ်ကိုအားပေးတာပဲ၊ဒါကြောင့်လာ အားပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။ အားလုံးညီညီညွှတ်ညွှတ်လုပ်မှတိုင်းပြည်အေးချမ်းသာယာမှာပါ၊ အထူးသဖြင့်တိုင်းရင်းသားတွေဆီမှာ လှူဖို့ရည်ရွယ်ပါတယ်၊မြန်မာကတိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့တိုင်းပြည်ဖြစ်လို့တိုင်းရင်းသားများအားလုံးတန်းတူတိုးတက်နိုင်မှ
တကယ့်ကိုသာယာတဲ့နိုင်ငံဖြစ်မှာပါ၊ ကျွန်မတို့နိုင်ငံမှာငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ်တွေအားလုံးငြိမ်းသွားပြီး ဘယ်တော့မှပြန်မဖြစ်ဖို့အတွက် ၀ိုင်းဆုတောင်းရုံ မကပဲ တက်နိုင်တဲ့ဘက်ကလုပ်ပေးစေချင်တယ်၊ ဒီနေ့စည်းလုံးမှုနဲ့အားပေးသလို ဒီထက်အရေးကြီးတဲ့တိုင်းရင်းသားသွေးစည်း ညီညွှတ်ရေးကိုလည်း အားပေးကြပါ၊ ဒါဆိုရင် နိုင်ငံရဲ့အနာဂတ်ဟာ အင်မတန်တောက်ပလာမယ်လို့ကျွန်မ မျော်လင့်ထားတယ်၊ ဒီလိုတောက်ပဖို့လူတိုင်းကတစ်ယောက်စီတစ်ယောက်စီဖယောင်းတိုင်းထွန်းလိုက်ရင် ကျွန်မထင်တယ်တစ်ကမ္ဘာလုံးတောင်ထွန်းလင်းနိုင်ပါတယ်၊
ဒီလိုဆန္ဒတွေနဲ့ဆက်လက်လုပ်အားပေးကူညီကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ဒေါ်အောင်ဆန်စုကြည်ကပြောကြားခဲ့သည်။
ထို့နောက် အလှုရှင်များ၏ လှူဒါန်းငွေများကိုဒေါ်အောင်ဆန်းစု
ကြည်ကလက်ခံခဲ့ပြီး Max Myanmar ကုမ္မဏီမှသိန်း ၃၀၊ ရွှေနန်းတော်စိန်ရွှေရတနာ ဆိုင်မှ သိန်း ၃၀နှင့် အခြားအလှူရှင်များလည်း လှူဒါန်းခဲ့ကြသည်။ ပွဲတော်ကျင်းပရာတွင် ဆိုင်ခန်းပေါင်း ၁၁၈ခန်း ဖွင့်လှစ်ပြီး ဈေးအရောင်းပွဲတော်တွင် ညမိုးချုပ်သည့်တိုင်အောင် လူအများ ကြိတ်ကြိတ်တိုးအထူးစည်ကားလျက်ဝယ်ယူအားပေးမှုများရှိကြောင်းနှင့်အမြတ်ငွေအားလုံးကိုရန်ပုံငွေ အတွက် ပေးအပ်လှူ ဒါန်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။
7 Day News