Thursday, 5 January 2012

မင်္ဂလာပါဒီမိုကရေစီအမည်ဖြင့် ရုပ်ရှင်ပွဲတော်တစ်ရပ် ထပ်မံပြုလုပ်ပေးရန် အစီအစဉ်ရှိ



လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲ ပြီးနောက် မင်္ဂလာပါဒီမိုကရေစီအမည်ဖြင့် ရုပ်ရှင်ပွဲတော်တစ်ရပ် ထပ်မံပြုလုပ်ပေးရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
၂၀၁၂ခုနှစ် ဇန်န၀ါရီလ()ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ကျင်းပသော လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ဆု ()ဆုကို ချီးမြှင့်ပြီးသည့် နောက်တွင် ထပ်မံ၍ မင်္ဂလာပါဒီမိုကရေစီ အမည်ဖြင့် ဆက်လက်ပြီး ပြိုင်ပွဲပြုလုပ်ပေးရန် အစီအစဉ်ရှိကြောင်း ကိုသူရ(ခေါ်) ကိုဇာဂနာထံမှ သိရှိရသည်။
ကျွန်တော်တို့ အခုလို ပြိုင်ပွဲဝင်ကြတဲ့သူတွေကို အထူးကျေးဇူးတင်ပါတယ် ဘာကြောင့်လဲဆိုရင် သူတို့ပြိုင်ပွဲဝင်တဲ့လူရှိမှ ကျွန်တော်တို့ကလဲ ဆုပေးလို့ရမှာလေ ပြိုင်ပွဲဆိုပြီးလုပ်လို့ တစ်ယောက်မှ လာမပြိုင်ရင်လဲ မဖြစ်ပြန်ဘူးလေ အခုလို ပြိုင်ပွဲဝင်ပေးကြတဲ့လူတွေကို အထူးကျေးဇူးတင်ပါတယ် နောက်ထပ် ပြိုင်ပွဲပြုလုပ်ဖို့ အစီအစဉ် ရှိပါတယ် အဲ့နာမည်ကတော့ မင်္ဂလာပါဒီမိုကရေစီ နာမည်နဲ့ပါဟု အကဲဖြတ်ဒိုင်တဦးဖြစ်သော  ကိုသူရက ပြောသည်။
လွတ်လပ်ခြင်းအနုပညာကို ပြုလုပ်ရခြင်းမှာလည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ လွတ်လပ်ခြင်း၏ အဓိပ္ပါယ်ကို သိရှိစေရန်နှင့် တွေးခေါ်ကြံဆတတ်စေရန်ရည်ရွယ်ကြောင်း သိရှိရသည်။
လွတ်လပ်ခြင်းအနုပညာပွဲ လုပ်ရတဲ့ အကြောင်းကလဲ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်တွေကို ပိုပြီးတော့ လွတ်လပ်အောင်လို့ လွတ်လပ်ခြင်းရဲ့ အဓိပ္ပာယ်ကို တစ်ယောက်ချင်း တစ်ယောက်ချင်းက ကိုယ်ပိုင်ဥာဏ်နဲ့ တွေးခေါ်သုံးသပ်နိုင်အောင်လို့ အဲ့လို ကျွန်မတို့ လုပ်နိုင်မှ ကျွန်မတို့ နိုင်ငံမှာ တကယ့်ကိုလွတ်လပ်တဲ့ အခြေအနေပေါ်ထွန်းလာမှာ ဖြစ်ပါတယ် ကျွန်မတို့နိုင်ငံရဲ့ လွတ်လပ်ရေး အရသာကို နိုင်ငံသူနိုင်ငံသားတိုင်းခံစားဖို့ဆိုရင် ဒီလိုပဲ အားလုံး သူ့နေရာနဲ့သူ  ရှေ့ကပဲဖြစ်ဖြစ် ဘေးကပဲဖြစ်ဖြစ် နောက်ကပဲဖြစ်ဖြစ် ပါဝင်ချင်တဲ့ လွတ်လပ်ခြင်းရဲ့ တန်ဖိုးကို နားလည်ဖို့ လိုပါတယ်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။
လွတ်လပ်ခြင်းအနုပညာရုပ်ရှင် ပွဲတော်မှ ချီးမြှင့်ခဲ့သော The best of Animation ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း ရိုက်ကူးထားသော “ Unity and Freedom “ ဇာတ်ကား မျက်နှာသစ်ဆုကို ဒါရိုက်တာ အောင်ဇော်မိုး ရိုက်ကူးထားသော “Still in Dark” ဇာတ်ကား ပရိတ်သတ်မှ ပေးသောဆုကို ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားသော"အဲ့ဒီ အခန်းဖြတ်"ဇာတ်ကား  The best of short film ဆုကို ဒါရိုက်တာ မင်းသိုက် ရိုက်ကူးထားသောကြိုးဇာတ်ကား The best of documentary ဆုကို ဒါရိုက်တာ စိုင်းကျော်ခိုင် ရိုက်ကူး သော “click in fear” ဇာတ်ကားများဖြင့် ဆုရရှိကြောင်းသိရှိရသည်။
ကျွန်တော့်ဇာတ်ကားနဲ့ပတ်သက်ပြီး အပြင်မှာ အမျိုးမျိုးပြန့်နေတာပေါ့နော်၊ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်သူငယ်ချင်းတွေ အနုပညာ ညီအကိုမောင်နှမတွေကလည်း ၀ိုင်းပြီးအားပေးကြပါတယ် မင်းအနောက်မှာ ငါတို့တွေရှိပါတယ် ဆိုပြီးတော့ပေါ့၊ အခု ပရိတ်သတ်တွေကနေ ချီးမြှင့်ပေးလို့ ကြိုက်လို့ အားပေးတယ် ဆိုတော့ ကျွန်တော် အရမ်းဝမ်းသာပါတယ် အထူးလဲ ကျေးဇူးတင်ရှိပါတယ်ဟု ဒါရိုက်တာ ၀ိုင်းက ပြောသည်။
ရုပ်ရှင်ဇာတ်ကားများပြသရာတွင် လာရောက်ကြည့်ရှု့သော ပရိတ်သက်ပေါင်း တစ်သောင်း နှစ်ထောင် ငါးဆယ့်လေးယောက်ရှိရာမှ ဒါရိုက်တာ ၀ိုင်းရိုက်ကူးသော ဇာတ်ကားကို ပရိတ်သတ်ပေါင်း ၇၀၁၁ (ခုနှစ်ထောင်ဆယ့်တစ်ယောက်)မှ မဲပေးခဲ့သောကြောင့် ဆုရရှိခဲ့ကြောင်း ကိုဇာဂနာမှ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတွင် ၀င်ရာက်ယှဉ်ပြိုင်သော ရုပ်ရှင်ကားပေါင်း (၁၈၈) ကားရှိပြီး ဆန်ကာတင် ရွေးချယ်ခဲ့သည့် ဇာတ်ကား( ၅၄) ကားမှ ဆု()ဆု ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


0 comments:

Post a Comment