ဇန်န၀ါရီ ၃ ရက်နေ့ အင်းစိန်ထောင်မှ အကျဉ်းသား ၉၄၃ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့၊ အကျဉ်းသား ၈၀၄ ဦးနှင့် အကျဉ်းသူ ၁၃၀ ဦးတို့ဖြစ်ပြီး အဆိုပါ ၉၀၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသား ၃ ဦးသာ ပါဝင်ခဲ့သည်။ ပထမတစ်ဦးဖြစ်သူ ဦးကြည်သန်း (၈၈)ွင် အသင်းအဖွဲ့ဥပဒေဖြင့် ထောင်ဒဏ် (၉)နှစ်ကျခံခဲ့ရသူဖြစ်ပြီး ထောင်တွင်း၌ (၄)နှစ် (၄)လ နေခဲ့ရသူဖြစ်သည်။ ဒုတိယတစ်ဦးမှာ ကိုသန်းနိုင်ဦး (NLD မန္တလေးတိုင်းတာဝန်ခံ) ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပုံနှိပ်စက္ကူဥပဒေဖြင့် ထောင်ဒဏ် (၃)နှစ် ကျခံခဲ့ရကာ ထောင်တွင်း၌ (၁) နှစ် (၃)လ နေခဲ့ရကြောင်း၊ တတိယ တဦးမှာ ဦးစောဆေးကလဲတို့ဖြစ်ကြောင်းအင်းစိန်ထောင်ရှေ့ရောက် မြစ်မခ သတင်းထောက်မှ သတင်းပေးပို့ပါသည်။
0 comments:
Post a Comment