Monday, 2 January 2012

လွတ်ငြိမ်းချမ်းသာခွင့်အား ဇန်န၀ါရီလ ၃ ရက်နေ့တွင် စတင်လွှတ်ပေးမည်


(၆၅)နှစ်အပါအ၀င်နှစ်ကြီးသမားများ၏ ပြစ်ဒဏ်များကို နှစ်(၃၀)သို့ လျော့ချလိုက်ပြီး ကျန်ရှိပြစ်ဒဏ်များမှာ ၃ပုံ၁ပုံ မှ ၄ပုံ၁ပုံသို့ လျော့ချပေးခဲ့ကြောင်း ၊ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသူအား ၄ ပုံ၁ ပုံသို့လျော့ပေါ့လိုက်ခြင်းသာ ဖြစ်ကြောင်း ကြားသိရသည်။
ယနေ့ ညနေ ၄နာရီ MRTV 4 သတင်းနှင့် FM လေဒီယိုတို့တွင် ကြေငြာသွားကြောင်း သိရှိရသည်။
“သက်သက်အောင်(၆၅)နှစ်က နှစ် (၃၀) လျော့တဲ့အထဲမှာ တော့ပါတယ်။ လွတ်မယ့်အထဲတော့ မပါသေးဘူး။ဗန်းမော်ထောင်မှာ(၁၄) နှစ်ကျနေတဲ့ ကိုကျော်စွာဋ္ဌေး ကတော့ လွတ်တဲ့အထဲမှာ ပါလာမှာပါ” ဟု မြင်းခြံထောင်တွင် (၆၅)နှစ်ကျခံနေရသော မသက်သက်အောင်၏ ခင်ပွန်းဖြစ်သူ (၈၈)မျိုးဆက်ကျောင်းသား တစ်ဦးဖြစ်သူ ကိုချစ်ကိုလင်းမှ ပြောကြားခဲ့သည်။
မြစ်မခ ဖေ့ဘွတ် 
.....................................................................................................................
ဇန်န၀ါရီလ ၃ ရက်နေ့တွင် စတင်လွှတ်ပေးမည်
နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် သေဒဏ်ပြစ်ဒဏ်များကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊
နှစ် ၃၀ အထက် ထောင်ဒဏ်များကို နှစ် ၃၀သို့ လည်းကောင်း၊ နှစ် ၂၀နှင့် ၃၀ကြားကို နှစ်၂၀ အဖြစ်လည်းကောင်း၊ နှစ်၂၀အောက် ထောင်ဒဏ်များကို
၎ပုံ ၁ပုံ လျော့ကာ ဇန်န၀ါရီလ ၃ ရက်နေ့တွင် စတင်လွှတ်ပေးမည် ဟုEMG ဖေ့ဘွတ်စာမျက်နှာတွင် ရေးသာ ထားသည်
 

0 comments:

Post a Comment