ဇန်န၀ါရီလ ၅ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ကျောင်း သားနိုင်ငံရေးအကျဉ်းသား မိသားစုဝင်များတွ့ဆုံခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရန်အတွက် ပြောဆို ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါတွေ့ဆုံရာတွင် စစ်မှန်သည့်တရား ဥပဒေစိုးမိုးရေးရှိရန်လို အပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်ဟု သွားရောက်တွေ့ဆုံသူများထံမှ သိရှိရသည်။
“နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့အတွက်က စစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေးရှိဖို့ အရင် လုပ်ရပါမယ်။ တရားဥပဒေစိုးမိုးမှု့မရှိရင်၊ အခုလွှတ်ပေးပြီးနောက်ပြန်ဖမ်းမှာကိုလည်း စိုးရိမ်ရပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။အဲဒါကြောင့် စစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေးသာရှိရင် ခုလိုဖြစ်ရပ်မျိုးတွေ ရှိလာမှာ မဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့တွေ့ဆုံပွဲမှာ ပြောတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း တွေ့ဆုံခဲ့သော ၈၈) မျိုးဆက်ကျောင်းသား နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုသော်ဇင်ထွန်းမှ ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် တစိုက်မတ်မတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယခုအခါတွင် ၄င်းတို့၏ ကျန်းမာရေး၊ လူမှု့ရေးလုပ်ငန်းများကို ကူညီစောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရသည်။
“အန်တီပြောတဲ့ စစ်မှန်တဲ့ တရားဥပဒေရှိဖို့ အရင်ဆုံး လုပ်ရမယ် ဆိုတာကိုလည်း လက်ခံပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အကျဉ်းသား လွတ်မြောက်ရေး၊ ဥပဒေ စိုးမိုးရေးတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု (၈၈) မျိုးဆက်ကျောင်းသား နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုသော်ဇင်ထွန်းမှ ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) တို့မှ ပြုစုသော နိုင်ငံရေး အကျဉ်းသားများ၏ စာရင်းများ တူညီမှု့ မရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်မှ ယနေ့ နိုင်ငံရေးအကျဉ်းသားမိသားစု ၀င်များနှင့်တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ကြောင်း ၈၈မျိုးဆက်ကျောင်းသား နိုင်ငံရေးအကျဉ်သားဟောင်းများထံမှ သိရှိရသည်။
မြစ်မခ
မြစ်မခ
0 comments:
Post a Comment