ဘီဘီစီကမ္ဘာတစ်လွား အသံလွင့် အစီအစဉ် နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ဘ၀သက်တမ်းအတွင်း ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ပွဲတွေမြန်မာနိုင်ငံ မှာ ဖြစ်လာမယ်လို့ မျှော်လင့် ထားကြောင်းပြောသွားပါတယ်။ဒါပေမယ့် ဘယ်တော့ ဖြစ်မလဲဆိုတာကိုတော့ မခန့်မှန်းနိုင်ဘူးလို့ဆိုပါတယ်။
တခါ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ နဲ့ ပါတ်သက်လို့ သူဖြစ်စေချင်တဲ့ နှုန်းမျိုးနဲ့သွား နေတာမဟုတ်ပေမယ့် သိပ်နှေးလွန်းတယ်လို့မပြောနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွား သည်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ သမ္မတဦးသိန်းစိန် ကလိုလားတယ် ဆိုတာကို ယုံကြောင်း ၊ ဒါပေမယ့် အစိုးရအဖွဲအတွင်းက တစ်ခြားအဖွဲ့ဝင်တွေရဲ့ သဘောထား ဘယ်လိုရှိသလဲ ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရှိတယ်ဆိုတာကို အစိုးရက အသိအမှတ်ပြုဝန်ခံသည် ဖြစ်စေ မ၀န်ခံသည်ဖြစ်စေ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွတ်ပေးသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောပါတယ်။
ပြည်ပရင်းနှီး မြုပ်နှံမှုတွေလာလုပ်ဖို့ အချိန်တန်ပြီးလား ဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ဖို့ အားပေးနိုင်တဲ့ အခြေအနေမျိုး မြန်မာပြည်မှာ ရှိမနေသေးဘူးလို့ဖြေသွား ပါတယ်။
bbc/burmese
0 comments:
Post a Comment