ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက (၆၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် (၅၀၀) ကျပ် တန်နှင့် (၁၂၀၀) ကျပ်တန် စာပို့တံဆိပ် ခေါင်းသစ်နှစ်မျိုးကို ဇန်နဝါရီ ၄ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး /ပြည်နယ်/ ခရိုင်/ မြို့နယ်ဆက်သွယ်ရေးစခန်း (စာတိုက်)များ၌ ရောင်းချမည်ဖြစ်သည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇန်နဝါရီ ၄ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်၌ နေ့စွဲအမှတ် အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
0 comments:
Post a Comment