Monday, 16 January 2012

ဘာသာပေါင်းစုံ ချစ်ကြည်ရေး နှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ဘာသာရေး ခေါင်းဆောင်ကြီးများနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဆရာကြီး ဒဂုန်တာရာတို့တက်ရောက်

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိ ကာ တိုင်းပြည် တိုးတက်မှုကို ဆောင်ကျဉ်း ဖော်ဆောင်နိုင် ကြစေရန် ရည် ရွယ်၍ ဘာသာပေါင်း စုံချစ်ကြည်ရေး နှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ  အခမ်း အနားကို ဘာသာကြီးလေးခုမှ ဆရာ တော်ကြီးများ နှင့်ယခင် ကမ္ဘာ့ငြိမ်းချမ်း ရေး  ဆိုင်ရာ မြန်မာ့ ကိုယ်စားလှယ်ဆရာ ကြီး ဒဂုန်တာရာတို့ တက်ရောက် ဟောကြား ဆုတောင်း ခဲ့ကြကြောင်း သိရသည်။

အဆိုပါဘာသာ ပေါင်းစုံချစ်ကြည် ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Pray For Peace and Religious Unity) ကို သိမ်ဖြူလမ်းရှိ လုသရင်ဗက်သလီ ဟင်း(မ်)ဘုရားကျောင်းတွင် မေတ္တာ Campaign အဖွဲ့မှ ဇန်နဝါရီ  ၁၆ ရက်တွင် ကျင်းပခြင်းဖြစ်သည်။ 

 ယင်း အခမ်းအနားတွင် လုသရင် ဗက်သလီဟင်း(မ်)ဘုရားကျောင်းမှ ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဂျန်ဆန်ရာဂျန်းက အဖွင့်မေတ္တာ ဆုတောင်း စကားပြောကြားခဲ့ပြီး မေတ္တာ ဒေသနာတော် များကို ဗုဒ္ဓဘာသာမှ မြဝတီကျောင်း တိုက်ဆရာ တော် အရှင်ဦး အရိယဝံသာဘိဝံသ၊ ခရစ်ယာန် သာသနာဘက်မှ ဆရာတော် ဖာသာစစ်စီဘားနက်၊ ဟိန္ဒူ ဘာသာဘက်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဘုန်းတော်ကြီးများ အဖွဲ့ချုပ်မှ ဆရာတော် ဦးမောင်မြင့်(ခ) ယူဗွီပီ ပါမာဆီဗန်၊ အစ္စလာမ်သာသနာဘက် မှ ဆရာတော်မိုဟမ္မဒ်ကစင်(ခ) ဦး ဆန်းအောင်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဆိုင်ရာ မြန်မာ့ ကိုယ်စားလှယ်ဟောင်း ဆရာကြီးဒဂုန်တာရာတို့က ဟော ကြားခဲ့ကြကြောင်း သိရသည်။

''အရင်ကတော့ ကမ္ဘာ့ငြိမ်းချမ်း ရေးကိုယ်စားလှယ်အနေနဲ့ ကမ္ဘာ့နိုင်ငံ တော်တော်များများကို သွားရောက် ဆွေးနွေးခဲ့ပါတယ်။ နောက်တော့ ဗီဇာမရတာနဲ့ နိုင်ငံခြားမသွားရတော့ တာပါ'' ဟု ဆရာကြီးဒဂုန်တာရာက ပြောသည်။ ထို့နောက် ငြိမ်းချမ်းရေး ဆုတောင်း ခြင်းကို ဗုဒ္ဓဘာသာ မှ မကွေးပရိယတ္တိ စာသင်တိုက် ဆရာတော်ဦးပါမောက္ခ၊ ခရစ်ယာန်ဘာသာမှ ဆရာတော် ဖာသာစောစာဆေး၊ ဟိန္ဒူဘာသာမှ ဆရာတော်ဦးသန်းအောင်(ခ) သျှရီ ရာမူ၊ အစ္စလာမ်ဘာသာ မှဆရာတော် မိုဟမ္မဒ်ဂျန်း(ခ)ဦးသန်းအောင် တို့က ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment