ရန်ကုန်၊ ဇန်နဝါရီ ၁၆
ပြင်သစ်နိုင်ငံ၏ အမြင့် ဆုံးဆုတံဆိပ်ဖြစ်သော Legion of Honor(Ordre national de la Légion d'honneur) အား ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ပြီ ဖြစ်သည်။
ပြင်သစ်နိုင်ငံ၏ အမြင့် ဆုံးဆုတံဆိပ်ဖြစ်သော Legion of Honor(Ordre national de la Légion d'honneur) အား ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ပြီ ဖြစ်သည်။
ယင်းဆုတံဆိပ်အား မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိ နေသည့် ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Alian Juppe က ဇန်နဝါရီ ၁၅ ရက်နေ့ ညနေ ၇ နာရီခန့်က ပြင်သစ် သံရုံးတွင် ကျင်းပခဲ့သည့် ဆုတံဆိပ် ချီးမြှင့် ပေးအပ်ပွဲအခမ်း အနားတွင် ကိုယ်တိုင် ဂုဏ်ပြုချိတ် ဆွဲပေးခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်စုကြည်သည် လည်း ပထမဆုံး ကိုယ်တိုင်တက် ရောက်ရယူသော ဆုတံဆိပ်ဖြစ် သည်။ အဆိုပါ ဆုတံဆိပ်ကို ဒေါ်အောင်ဆန်းစုကြည်အား ချီး မြှင့်ရန် ပြင်သစ်သမ္မတ နိကိုလပ်စ် ဆာကိုဇီက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ရဲရင့်မှုနှင့် မြန်မာနိုင်ငံဝယ် ပြုပြင်ပြောင်းလဲမှု များ ပေါ်ပေါက်လာစေရန် ကူညီ ပံ့ပိုးမှုများ အတွက် ယခုကဲ့သို့ ချီးမြှင့် ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်အားလည်း ကိုယ်တိုင်ဖုန်းဖြင့် ဆက်သွယ် ဂုဏ်ပြုစကားပြောကြား ခဲ့ကြောင်း သိရသည်။ ထိုသို့ပြော ကြားရာတွင် မြန်မာနိုင်ငံ အစိုးရက ရာနှင့်ချီသော ယုံကြည်ချက် အကျဉ်း သားများအား လွတ်ငြိမ်းခွင့်ပေးလိုက် ခြင်းအတွက် ချီးကျူး ဂုဏ်ယူကြောင်း လည်းပါဝင်သည်။ ဆုချီးမြှင့် ပေးအပ် ခြင်း အခမ်းအနားဝယ် ဒေါ်အောင် ဆန်းစုကြည်က ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူကြောင်းတို့ကို ပြင်သစ်ဘာသာဖြင့်ပင် ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ ဆုတံဆိပ်ကို ပြင်သစ် အေကရစ် နပိုလီယံက ၁၈ဝ၂ ခုနှစ် မေလ ၁၉ ရက်တွင် စတင်တီထွင် ပြဌာန်းခဲ့ခြင်း ဖြစ်ပြီး၊ သူကိုယ်တိုင်လည်း ရရှိခဲ့ကာ အစဉ်ပင်မချွတ် တမ်းဆင်မြန်းခဲ့သည်။
ယင်းဆုတံဆိပ်ကို ပြင်သစ် နိုင်ငံသားများကိုသာ ပေးအပ်ရန် ရည်ရွယ်ခဲ့သော်လည်း၊ အမေရိကန် လေသူရဲ ချားလ်စ် လင်းဘတ် အစရှိသည့် နိုင်ငံခြားသားများအား လည်း ဂုဏ်ပြု ချီးမြှင့်ခဲ့ဖူးသည်။
PN – 002
Ref: ABCNews, Wikipedia
ပေါ်ပြူလာ ဖေ့ဘွတ်မှကူးယူဖော်ပြပါသည်။
0 comments:
Post a Comment