Friday, 13 January 2012

လွတ်မြောက်လာပြီး နောက် ပြန်လည် အဖမ်းခံရသူဗိုလ် ကြီးနေမျိုးဇင်အာမခံဖြင့် ပြန်လွတ်လာ

အင်းစိန်ထောင်မှ လွတ်မြောက်လာပြီး နောက် ပြန်လည်  အဖမ်းခံရသူဗိုလ် ကြီးနေမျိုးဇင်အာမခံဖြင့် ပြန်လွတ်လာ ကြောင်းသိရသည်။ ဗိုလ်ကြီးနေမျိုးဇင်မှာလွတ် မြောက်သူစာရင်းတွင်ပါဝင်သော်လည်း  ပုဒ်မ ၄၂ တရားမဝင် ပစ္စည်းထောင်ထဲ သွင်းမှု အမှုတစ်ခု  ကျန်ရှိ နေခြင်းကြောင့်ပြန်လည် အဖမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

''အန်တီသားလေးလွတ်တဲ့အ ထဲပါမလားဆိုပြီးမျှော်လင့်ချက်နဲ့မနက်အ စောကြီးထဲက အင်းစိန်ကို ရောက်နေတာ။ သူများသား သမီးတွေ အသီးသီးလွတ်လာ ချိန်မှာ အန်တီသားလေး ပါမလာတော့အရမ်း အစိတ်မကောင်း ဖြစ်ပြီးအင်းစိန်အ ကျဉ်းထောင်ထဲ  အထိဝင်သွားတာ။ဟို ရောက်တော့ သားကရဲကားပေါ်မှာထိုင်  နေတာတွေ့ တာရင်ထဲ ဆို့သွားတယ်။ ထောင်ထဲမှာ တားမြစ်တဲ့ အင်္က࿿ျီဝတ်လို့ပြန် ဖမ်းတာလို့ ပြောတယ်။အခုတော့အာမခံ   နဲ့လွှတ်ပေးလို့ အိမ်ပြန်  ရောက်နေပြီး။အ ရမ်းဝမ်းသာသလိုစိတ်မကောင်း  လည်းဖြစ်မိတယ်'' ဟု ဗိုလ်ကြီးနေမျိုးဇင် ၏ မိခင်ဖြစ် သူဒေါ်ခင်သီက   ပြောသည်။ အဆိုပါအမှုကို   ဆက်လက်ရင် ဆိုင်ရမည်ဖြစ်ပြီး  ဇန်နဝါရီ ၂၀  ရက်နေ့တွင် အင်းစိန်တရားရုံး သို့  ရုံးချိန်ခေါ်ဆို ထား  ကြောင်းသိရသည်။

   

''ဗိုလ်ကြီးနေမျိုးဇင်ကအကျဉ်း ကျခံရတာတစ်နှစ်မပြည့်ဘူး။ဒါပေမယ့် ကျန်းမာရေး အခြေအနေ တော်တော်ဆိုး တယ်။ အောက်ပိုင်းချိနေတော့လူတွဲမပါ ရင်သွားလို့လာ လို့မရတော့ဘူး'' ဟုဗိုလ်ကြီး နေမျိုးဇင်၏မိတ်ဆွေ ကိုညီညီကပြောသည်။ ဗိုလ်ကြီးနေမျိုးဇင် သည်၂၀၁၁ ခုနှစ်ဧပြီ၎ရက်နေ့ တွင်အထိမ်းသိမ်းခံခဲ့ရ  ပြီး  အီလက် ထရောနစ် ပုဒ်မဖြင့်ထောင် ၁၀ နှစ်ကျခံရန်အမိန့်ချထား  ခံရကာ၂၀၁၂ဇန် နဝါရီ၁၃ရက်နေ့ တွင် လွတ်ငြိမ်းချမ်းသာ ခွင့် ပြုသော  ၆၅၁ဦး တွင်ပါဝင်ခဲ့သည်။

Yangon Media Group

0 comments:

Post a Comment